Friday, October 2, 2015

လမ်းဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ဟားခါး၌ ကျင်းပ




ဟားခါး အောက်တိုဘာ ၁

ချင်းပြည်နယ် လမ်းဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့လည်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်တင်ဒါ စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးငွန်ဆန်းအောင်က အမှာ စကားပြောကြားပြီး တက်ရောက် လာကြသည့် ကုမ္ပဏီများမှ တာဝန် ရှိသူများက လမ်း/တံတားလုပ်ငန်း များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။
အဆိုပါ တင်ဒါဖွင့်ပွဲသို့ ပြည်နယ် စိစစ်ရွေးချယ်ရေးကော်မတီဝင်များ နှင့် ကုမ္ပဏီ ၆၁ ခုမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြကြောင်း သိရ သည် (ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment