Thursday, October 29, 2015

အမေရိကန်နှင့်တရုတ်စစ်ရေးဆိုင်ရာ ဆွေးနွေးမည်




ဝါရှင်တန် အောက်တိုဘာ ၂၈

အမေရိကန်ပစိဖိတ်ဒေသဆိုင်ရာ စစ်ဌာနချုပ် တိုင်းမှူးကို တရုတ် တပ်မတော်နှင့် စစ်ရေးဆွေးနွေးရန် တရုတ်နိုင်ငံသို့ လာမည့်သီတင်း ပတ်တွင် စေလွှတ်ဖွယ်ရှိကြောင်း အမေရိကန်စစ်ဘက်က ပြောကြား ခဲ့သည်။

အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်သည် လာမည့် တနင်္လာနေ့တွင် တရုတ်နိုင်ငံသို့လာရောက်မည်ဖြစ်ပြီး တရုတ်ထိပ်တန်း စစ်ဘက်အရာရှိများနှင့် စစ်ရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်လိမ့်မည် ဖြစ်ကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက အင်န်အိတ်ခ်ျ ကေသတင်းဌာနသို့ပြောကြားခဲ့သည်။

အမေရိကန်၏ သဘောထားမှာ မလိုလားအပ်သော ပဋိပက္ခများကို ရှောင်ရှားရန်နှင့် နှစ်နိုင်ငံရေတပ်များကြား ယုံကြည်မှုပြုစုပျိုးထောင် တိုးမြှင့်ရေးတို့ကို လာမည့်သီတင်းပတ်တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်က တရုတ်လူလုပ်ကျွန်း ရေမိုင် ၁၂ မိုင်အတွင်း သင်္ဘောတစ်စင်းစေလွှတ်ခဲ့မှုကြောင့် တရုတ်ဘက်က မကျေလည်မှုကို လည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်က တရုတ်ကျွန်းတုအနီး သင်္ဘောစေလွှတ် ခဲ့သည့်စစ်ဆင်ရေးတွင် အဓိကအရာရှိတစ်ဦးအနေဖြင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်လည်းပါဝင်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းထောက်တစ်ဦး ပြောသည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment