Thursday, October 29, 2015

ရွှေတိဂုံစေတီတော် မီးမြင်းမိုရ်ပူဇော်ပွဲ ခမ်းနားသိုက်မြိုက်စွာကျင်းပ



 


သတင်း-ခင်ရတနာ

ရန်ကုန် အောက်တိုဘာ ၂၈

ရွှေရောင်၊ ငွေရောင်၊ ပတ္တမြားရောင်တို့ တလက်လက်တောက်ပနေသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းမှ နတ်ဗြဟ္မာအပေါင်းခြံရံလျက် မြတ်စွာဘုရာြး<ွကချီဆင်းသက် လာချိန်တွင် တူရိယာခရုသင်းတို့ တီးမှုတ်သံက ငြိမ့်ညောင်းလျက်၊ ကောင်းကင်မှလျှပ်ရောင်တဝင်းဝင်း၊ မြူခိုးမြူငွေ့တိမ်စိုင်တိမ်လိပ်တို့ကလည်း စောင်းတန်းများ တစ်ဝိုက်တွင် ဝေ့ဝဲနေသည်။ ဓမ္မစက္ကပဝတ္တနရွတ်ဖတ်သံများကလည်း စီးမျောလျက်။ နောက်မှ ရောင်စုံမီးပုံးငယ်များဆွဲကိုင်ပူဇော်လိုက်ပါလာသည့် ပရိသတ်များ.....။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြတ်ကြီး၌ ပထမဆုံးအကြိမ် အဖြစ် ကျင်းပသည့် မီးမြင်းမိုရ် ပူဇော်ပွဲတွင် မြင်တွေ့ရသည့် အထက်ပါ မြင်ကွင်းကို အရှေ့ဘက် မုခ်စောင်းတန်း၌ စောင့်ကြိုဖူး မြော်ကြည်ညိုခဲ့ကြသည့် ဗုဒ္ဓ ဘာသာဝင် ရဟန်းရှင်လူ ပရိသတ် ထောင်ပေါင်းများစွာတို့မှာ ရင်သပ် ရှုမောအံ့သြဝမ်းသာ ကြည်ညိုသဒ္ဓါ ပွားများခဲ့ကြရသည်။

သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်မှ စတင်ကာ ဒေဝါ ဝင်း၊ ရာဇာဝင်းများခင်းကျင်းလိုက်ပါ ၍ ရွှေတိဂုံစေတီတော်မြတ်၏ ဘာသာရေးအသင်းအဖွဲ့ အားလုံးမှ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘာသာရေး၊ လူမှုရေး အဖွဲ့များခြံရံကာ ဘုရားရှင်၏ ဂုဏ် တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ရင်း ရင်ပြင်တော်ပေါ်၌ စီတန်းလှည့် လည်ပူဇော်ကြသည်။

အရှေ့ဘက် စောင်းတန်းသို့ ရောက်ရှိလာသောအခါ မြတ်စွာ ဘုရားရှင်အား နတ်ဗြဟ္မာများ ခြံရံကာ လူ့ပြည်သို့ ပြန်လည် ဆင်းသက်ဟန်ဖြင့် မီးမြင်းမိုရ် ပူဇော်ပွဲကို ဆင်နွှဲရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည် များက ကြည်ညိုဖူးမြော်ပူဇော်ခဲ့ကြပြီး မြတ်စွာဘုရားရှင်အား ရည်မှန်းကာ အမွှေးနံ့သာများ၊ ဆီမီးများကို ထွန်းညှိပူဇော်ခဲ့ကြရာ ရွှေတိဂုံ စေတီတော်ကြီး၏ ပရိဝုဏ်တစ်ခု လုံး၌ ဆီမီးရောင်များဖြင့် ထိန် ထိန်ညီးလျက်ရှိနေသည်။

''ရွှေတိဂုံစေတီတော်မှာ မီးမြင်း မိုရ်ပွဲဆင်ယင်ကျင်းပတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ အရင်က မြို့နယ်အလိုက် မီးမြင်းမိုရ်ပွဲတွေကို သီတင်းကျွတ်လပြည့်ရောက်တိုင်း ကျင်းပကြပါတယ်။ အခုနောက်ပိုင်း မှာ မီးပူဇော်ရခြင်းရဲ့ အနှစ်သာရ၊ သီတင်းကျွတ်မီးထွန်း ပွဲတော်ဖြစ် လာရခြင်းနဲ့ မိဘဘိုးဘွားတွေကို ဘာကြောင့် ပူဇော်ကန်တော့ရ သလဲဆိုတာကို လူငယ်တွေ သိရှိမှု အားနည်းလာကြပြီး ကျင်းပတဲ့ ပုံစံတွေကလည်း ပြောင်းလဲလာ ကြတာကြောင့် အခုလို မီးမြင်းမိုရ် ပွဲတော်ကို ပြန်လည်ဖော်ထုတ်ရခြင်း ဖြစ်ပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ဒုတိယရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

သီတင်းကျွတ် လပြည့်နေ့ည သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူး နေ့မြတ်များအနက် တစ်ရက်အပါ အဝင်ဖြစ်ပြီး မြတ်စွာဘုရားရှင် သည် ဝါတွင်းကာလတွင် တာဝတိံ သာနတ်ပြည်၌ မယ်တော်မိနတ်သား အား ကျေးဇူးဆပ်သည့် အနေဖြင့် တရားဟောကြားတော်မူပြီး သီတင်း ကျွတ် လပြည့်ညတွင် နတ်ဗြဟ္မာ တို့ ဖန်ဆင်းတော်မူသည့် ရွှေစောင်း တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်း တန်းတို့မှတစ်ဆင့် သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ကြွချီတော်မူရာ နတ်၊ ဗြဟ္မာအပေါင်း၊ မင်းပရိသတ်၊ လူပရိသတ်အပေါင်းတို့က အမွှေး နံ့သာ ဆီမီးများဖြင့် ထွန်းညှိပူဇော် ခဲ့ကြသည်ကို ရည်စူးကျင်းပခြင်းဖြစ် သည်။

''ဘာသာရေးအသင်းအဖွဲ့တွေ၊ ရဟန်း၊ ရှင်လူ ပြည်သူတွေက ရို သေစွာ ဖူးမြော်ကြပြီး မီးမြင်းမိုရ်ပွဲ ကို ပါဝင်ဆင်နွှဲကြတာ အလွန်ကျေနပ် စရာကောင်းပါတယ်။ နေ့ထူးနေ့ မြတ်ရဲ့ အနှစ်သာရကို မှတ်သား ဖွယ်သိမြင်ခဲ့ရတယ်။ သက်ရှိထင် ရှား မြတ်စွာဘုရားကို ဖူးရသလို ခံစားရတယ်'' ဟု အင်္ဂါအသင်းမှ ဦးဝေဖြိုးအောင်က ပြောသည်။
ရောင်စုံမီးပုံးများကို ထွန်းညှိ ကိုင်ဆောင်ရင်း မြတ်စွာဘုရားရှင် ကြွချီလာပုံကို ကြိုဆိုဟန်ကြောင့် နိုင်ငံခြားသား ခရီးသွားများကလည်း စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆင်နွှဲ နေကြသည်ကို မြင်တွေ့ရသည်။

''လူငယ်တွေအများကြီး ပါဝင် လာတာကို အားရကျေနပ်ဖွယ် တွေ့ရတယ်။ ဘာသာရေးပွဲတော် ရဲ့ အနှစ်သာရနဲ့ အဓိပ္ပာယ်ကိုဖော်ပြ ပေးခွင့်ရလို့ ဝမ်းသာပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ နေ့ထူး နေ့မြတ်မို့ ဘုရားဖူးခရီးသွား တစ်သိန်းဝန်းကျင် လာရောက်ခဲ့ပြီး မီးမြင်းမိုရ်ပွဲကို ကျင်းပခဲ့တာကြောင့် ပိုပြီး ကြည်ညိုသဒ္ဓါပွားကြတာကို မြင်ရတယ်'' ဟု ဦးဝင်းကြိုင်က ပြောသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်ကြီး ၏ မုခ်ကြီးလေးမုခ်နှင့် ရင်ပြင်တော် ပေါ်၌ ဘာသာရေးအသင်း အဖွဲ့များ၊ တစ်သီးပုဂ္ဂလ အလှူရှင် များက စတုဒိသာများကျွေးမွေး ခြင်း၊ အအေးနှင့် ဆေးဝါးများ လှူဒါန်းခြင်း၊ ဆီမီးလှူဒါန်းခြင်း များ ပြုလုပ်ပေးသည်ကို တွေ့ရ သည်။
''တစ်နိုင်ငံလုံးမှာသီတင်းကျွတ်လပြည့်မီးမြင်းမိုရ်ပွဲတွေကို အရင်လို ခြိမ့်ခြိမ့်သဲ ပြန်လည်ကျင်းပတာကို မြင်ချင်ပါတယ်။

ဘာသာရေးအရ ဖြစ်ဖြစ်၊ မြန်မာ့ယဉ်ကျေးမှုအရ ဖြစ်ဖြစ် ပွဲတော်တွေရဲ့အနှစ်သာရ ကို ဖော်ထုတ်ပြသပြီး နောင်လာ နောက်သားတွေကို မျှဝေပေးကြ ရမှာဖြစ်ပါတယ်။ ရွှေတိဂုံစေတီ တော်မှာ ပထမဆုံးအကြိမ် မီးမြင်း မိုရ်ပွဲ ပါဝင်ဆင်နွှဲပူဇော်ခွင့်ရလို့ ဝမ်းသာပါတယ်''ဟု ရေကြည်တော် ဝတ်အသင်းမှ ဦးတင်လှိုင်က ပြောသည်။

No comments:

Post a Comment