Friday, October 2, 2015

ကုလသမဂ္ဂထူထောင်ခြင်း နှစ် (၇ဝ)ပြည့် အထိမ်းအမှတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်ထုတ်ပြန်




The Mirror Daily's photo.
နေပြည်တော် အောက်တိုဘာ ၁

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ၏ အလွတ်သဘောအစည်း အဝေး၊ အာဆီယံနှင့် ကုလသမဂ္ဂ အကြား ဝန်ကြီးအဆင့်အစည်းအဝေး၊ အာဆီယံ-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၏ အလွတ်သဘောအစည်းအဝေး ကို စက်တင်ဘာ ၂၉ ရက် ၁ဝ နာရီ တွင် နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများအနေဖြင့် ''ကုလ သမဂ္ဂထူထောင်ခြင်း နှစ်(၇ဝ)ပြည့် မြောက် အထိမ်းအမှတ်အဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်'' တစ်ရပ်ကို ထုတ်ပြန် သည်။
ယင်းအစည်းအဝေးအပြီး နောက် တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များနှင့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်နှင့်(၇ဝ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌတို့အကြား နှစ်စဉ်ကျင်းပသည့် အာဆီယံ-ကုလ သမဂ္ဂဝန်ကြီးအဆင့် အစည်းအဝေး ကို ကုလသမဂ္ဂဌာနချုပ်တွင် ဆက်လက်ကျင်းပသည်။ အစည်းအဝေး အပြီးတွင် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး၏ ပူးတွဲသတင်း ကြေညာချက်ကို ထုတ်ပြန်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီတို့ အကြားကျင်းပသည့် အာဆီယံ-အမေရိကန်ပြည်ထောင်စု အလွတ် သဘော ဝန်ကြီးအဆင့်အစည်း အဝေးကို စက်တင်ဘာ ၃ဝ ရက်တွင် နယူးယောက်မြို့ ပဲလေ့စ် ဟိုတယ်တွင် ကျင်းပသည်။

အထက်ပါ အစည်းအဝေးများ အပြင် အာဆီယံနှင့် အခြားသော ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြား ကျင်းပသည့် အစည်းအဝေးများ အနက် ဒုတိယအကြိမ်အာဆီယံနှင့် ပစိဖိတ်မဟာမိတ်များအဖွဲ့အကြား အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက်တွင် ကုလသမဂ္ဂဌာနချုပ် တွင် ပြုလုပ်သည်။
(သတင်းစဉ်)

No comments:

Post a Comment