Friday, October 2, 2015

တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လုပ်သက်ရင့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်သောအားဖြင့် ရာထူးအဆင့်တိုးမြှင့်ခန့်အပ်




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၁

ယနေ့လျှောက်လှမ်းလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်အပေါ် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် နှစ်ကာလကြာရှည်စွာ တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ပြစ်မှုကင်းရှင်းသော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လုပ်သက်ရင့်အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်သောအားဖြင့် ယနေ့ အောက်တိုဘာ ၁ ရက်တွင် ရာထူးအဆင့်များတိုးမြှင့်ပေးခဲ့သည်။

ယင်းသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် တပ်သားအဆင့်မှ ဒုတိယတပ်ကြပ်အဆင့်သို့ ၁၉၂ဝ၊ ဒုတိယတပ်ကြပ်အဆင့်မှ တပ်ကြပ်အဆင့်သို့ ၃၇၂ဝ၊ တပ်ကြပ် အဆင့်မှ တပ်ကြပ်ကြီးအဆင့်သို့ ၂ဝ၃ဝ၊ ဗိုလ်ကြီးအဆင့်မှ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)အဆင့်သို့ ၁၁၈ ဦးတို့အား ရာထူးအဆင့်များ တိုးမြှင့်ပေးခဲ့သည်။

အဆင့်တိုးမြှင့်ခြင်းခံရသည့်စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်နယ်မြေအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆင့်တံဆိပ်များ ကို ကိုယ်တိုင်ဂုဏ်ပြုတပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (မြဝတီ)

No comments:

Post a Comment