
ပေကျင်း အောက်တိုဘာ ၁
တရုတ်နိုင်ငံသည် ၂ဝ၁၅ ခုနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်မည်ဟု မိမိယုံကြည်ကြောင်း ဝန်ကြီးချုပ် လီခချန်းက စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြားသည်။
အောက်တိုဘာ ၁ရက်တွင် ကျရောက်သော တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၆၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဧည့်ခံပွဲကို မြို့တော် ပေကျင်းရှိ ပြည်သူ့မဟာခန်းမဆောင်ကြီး၌ ကျင်းပရာ ဝန်ကြီးချုပ် လီခချန်းက မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
အဆိုပါဧည့်ခံပွဲသို့ သမ္မတရှီကျင့်ဖျင်နှင့် အထက်တန်း တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးလာနေပြီး ပြည်တွင်းစီးပွားရေးအပေါ် ဂယက်ရိုက်ခတ်လာချိန်တွင် တရုတ်နိုင်ငံ၏ အမျိုးသားစီးပွားရေး ဆက်လက် တိုးတက်ရန် မိမိတို့ကြိုးပမ်းလျက်ရှိကြောင်း လီကပြောကြားသည်။
တရုတ်နိုင်ငံသည် ပြင်ပကမ္ဘာသို့ ဈေးကွက်ပိုမို ဖွင့်လှစ်ပေးမည်ဖြစ်ပြီ ကမ္ဘာ့ဈေးကွက်၌ ပိုမိုယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် အပြန်အလှန် အကျိုးကျေးဇူးရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း လီကပြောကြားသည်။
ဆင်ဟွာ။
No comments:
Post a Comment