Thursday, October 29, 2015

ဘာစီလိုနာမှ မက်ဆီထွက်ခွာမည်မဟုတ်




မက်ဆီအနေနဲ့ ဒဏ်ရာပြဿနာ ကြုံတွေ့နေစဉ်မှာ ပရီမီယာလိဂ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပေမယ့် မက်ဆီဟာ ဘာစီလိုနာမှာပဲ ဆက်ရှိမှာ သေချာ တယ်လို့ ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူ က ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။ မက်ဆီက စပိန်မှာ အခွန်ရှောင်လွှဲမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပရီမီယာလိဂ်ကိုပြောင်းရွှေ့ဖို့ အလေး အနက်စဉ်းစားလာနေပြီလို့ အစော ပိုင်းသတင်းစာတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့ပါတယ်။
မက်ဆီက လောလောဆယ် ဒူး ဒဏ်ရာကြောင့် ဘာစီလိုနာအတွက် ဝင်ရောက်ကစားပေးနိုင်ခြင်းမရှိ ချိန်မှာ အခုလို ဘာကာက ထွက်ခွာ တော့မယ်ဆိုတဲ့သတင်းတွေထွက်လာ တာပါ။ ဘာတိုမူကတော့'' လူတွေက မက်ဆီ ဘာကာကထွက်တော့မယ် ဆိုပြီး လျှောက်ရေးနေတာ၊ လျှောက် ပြောနေကြတာ၊ တကယ်ဆို ဒါက ရှက်ဖို့ကောင်းပါတယ်။ မဟုတ်ဘူးဆို တာ လူတိုင်းသိနေတာပဲလေ။ မက်ဆီ က မက်ဒရစ်-ဘာကာပွဲကျရင် ပြန်လည် ဝင်ရောက်ကစားနိုင်တော့ မှာပါ။ လီယို(မက်ဆီ)ရော သူ့အဖေက ရော သူတို့ တခြားကလပ်မှာ ပြောင်း ရွှေ့ကစားဖို့ စဉ်းတောင်မစဉ်းစားမိ ပါဘူးလို့ ကျွန်တော့်ကိုပြောပြီးသားပါ။ မက်ဆီနဲ့ ဘာကာနဲ့ စာချုပ်သက်တမ်း က သုံးနှစ်ကျန်နေပါသေးတယ်။
သူက ဒီကအခွန်မူဝါဒအပေါ် ဒေါသထွက်နေတာတော့ အမှန်ပါ။ ဒါပေမယ့် ဒါကလည်း သူ့အကြံပေးက ကိစ္စတွေအားလုံး ပြီးပြတ်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်''လို့ 8tv နဲ့ အင်တာဗျူးပြုလုပ်စဉ်မှာ ဖွင့်ဟခဲ့ပါ တယ်။
မက်ဆီအပြင် တိုက်စစ်မှူး နေမာ ကိုလည်း ယူရို ၆၃၃ သန်း အကုန်အကျ ခံကာ စာချုပ်သစ်ချုပ်ဆိုသွားမှာဖြစ် ပြီး သူ့လက်ထက်မှာ အသင်းရဲ့ အဓိကဘယ်ကစားသမားကိုမှ ပြောင်း ရွှေ့ခွင့်ပေးမှာမဟုတ်သလို ရောင်းချ သွားမှာလည်း မဟုတ်ဘူးလို့ ဘာတိုမူ က အာမခံချက်ပေးခဲ့ပါတယ်။
ရွိုင်ယန်ဟေဒင် ရေးသားသည်

No comments:

Post a Comment