Thursday, October 29, 2015

ကွင်းလယ်မှာကစားနိုင်ရန် သဘာဝကပေးသောလက်ဆောင်ရရှိထားတဲ့ ဝိန်းရွန်းနီ




မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်းနီမှာ တိုက်စစ် နေရာအပြင် ကွင်းလယ်နေရာတွင်ပါ ကစားနိုင်ရန်အတွက် သဘာဝကပေးသော လက်ဆောင်ရရှိထားသူဖြစ်သည် ဟု ယခင်ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း ဇာဗီကချီးကျူးစကား ပြောကြားခဲ့သည်။ ရွန်းနီသည် ယခုနှစ်တွင် စုစုပေါင်းပွဲစဉ် ကိုးပွဲဝင်ရောက်ကစားထားရာ သွင်းဂိုး နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် ¤င်း၏ခေါင်းဆောင်အရည်အသွေးပေါ် သံသယဖြင့် စောင့် ကြည့်ခံနေရသောအခြေအနေနှင့် ရင်ဆိုင်နေရသည်။
သို့သော် ဇာဗီက ''ဝိန်းဟာ အရင်ကတည်းက ကျွန်တော်နှစ်သက်သဘောကျရတဲ့ ကစားသမားဖြစ်ပြီး အံ့ဖွယ်စွမ်းဆောင်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ ကစား သမားလည်း ဖြစ်ပါတယ်။ သူက ဘယ်နေရာမှာပဲဖြစ်ဖြစ် ကစားနိုင်တဲ့ကစားသမားမျိုးပါ။ မိနစ် ၉ဝ လုံးလုံး မနား မနေ အတက်အဆင်းလုပ်ပြီး ကစားနိုင်တာကြောင့် ကွင်းလယ်နေရာမှာ ထားကစားခိုင်းလို့လည်း အဆင် ပြေတဲ့ အနေအထားရှိပါတယ်''ဟု ဆိုသည်။
မန်ယူအသင်းသည် ရွန်းနီအား ဗဟိုတိုက်စစ် နေရာတွင်ထားပြီး ကစားခိုင်းနေသဖြင့် တိုက်စစ် အားနည်းမှုကို ရင်ဆိုင်နေရသောကြောင့် ရွန်းနီထက် မာရှယ်လ်ကိုသာ အဆိုပါနေရာတွင်ထားကာ ကစား သင့်သည်ဟု ဝေဖန်မှုများရှိနေရာ ဇာဗီက ယခုကဲ့သို့ အားပေးစကားပြောကြားခဲ့ခြင်းဖြစ်သည်။
ရွိုင်ယန်ဟေဒင် ရေးသားသည်

No comments:

Post a Comment