Saturday, October 3, 2015

လားရှိုးမြို့၌ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တာဝန်ချိန်သုံး ကျဉ်စက်များထုတ်ပေး




The Mirror Daily's photo.


လားရှိုး အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၁၉) ယာဉ် ထိန်းရဲတပ်စုမှူးရုံး (လားရှိုး)အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်ရာတွင် တချို့ သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများသည် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၏ အရေးယူမှုကို အသာတကြည်လိုက်နာဆောင်ရွက် ခြင်းမရှိဘဲ ကိုယ်ထိလက်ရောက်ပြုမူ လုပ်ကိုင်မှုများရှိလာခဲ့သည်။

ထိုသို့ ကိုယ်ထိလက်ရောက် ကျူးလွန်သူများကို ခုခံနိုင်ရန် အတွက်လည်းကောင်း၊ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် အတွက် ကာကွယ်နိုင်စေရန် တပ်ဖွဲ့ ဝင် အမျိုးသား၊ အမျိုးသမီးများအား ကျဉ်စက်များထုတ်ပေးထားကြောင်း သိရသည်။

အဆိုပါ ကျဉ်စက်များအသုံးပြုရန် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်စုမှူး ဒုရဲမှူး မိုးခိုင်အား တွေ့ဆုံမေးမြန်းရာ တွင် ''တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်း ဆောင်တဲ့အခါ ရောင်ပြန်အချက်ပြ မီးချောင်းကို ဝဲဘက်ခါးမှာချိတ်ထားပြီး စကားပြောစက်နဲ့ နံပါတ်တုတ်ကိုတော့ ညာဘက်ခါးမှာချိတ်ပြီး တာဝန် ထမ်းဆောင်ရပါမယ်။ ယူနီဖောင်းကိုလည်း သပ်ရပ်စွာဝတ်ရပါမယ်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁ဝဝ အရ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် ရှိရမယ်။ ပုဒ်မ-၁ဝဝ မှာ အချက်(၆) ချက်ရှိပါတယ်။ တပ်ဖွဲ့ဝင်အားလုံးကို သေသေချာချာ ရှင်းလင်းပြောပြထား ပါတယ်။

အဓိကပြောချင်တာကတော့ ပုဒ်မ- ၁ဝဝ အရ ကာကွယ်ခုခံပိုင်ခွင့်ရှိတဲ့ ဒီပစ္စည်းကို မိမိအသက်အန္တရာယ် ကာကွယ်မှုအတွက် အသုံးပြုရမယ်။ အခြားလှည့်ကင်းသွားတဲ့အချိန်မှာ နံပါတ်တုတ်၊ လျှပ်စစ်ဓာတ်မီးအနေနဲ့ အသုံးပြုပြီး လိုအပ်လာမှသာ ကျဉ်စက် အနေနဲ့အသုံးပြုရမှာပါ။ အသက် အန္တရာယ်ပေးဖို့ လက်နက်နဲ့လာရင် အရှည်တစ်ပေခွဲလောက်ရှိတော့ အဟန့်အတားတစ်ခုအဖြစ် ဖြစ်ပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အမျိုး သမီးများအတွက် ရှစ်လက်မ၊ ၁ဝ လက်မခန့်ရှိပါတယ်။ အားပြန်သွင်း လို့ရပါတယ်။ မလိုအပ်ရင် ပါဝါပိတ် ထားလို့ရတဲ့အတွက် ကိုင်ဆောင်သူများအတွက် အန္တရာယ်မရှိပါဘူး။ အဆိုပါ ကျဉ်စက်နှင့် ပတ်သက်၍ ကိုင်တွယ်အသုံးပြုနည်းနှင့် အကျိုး သက်ရောက်မှုများကိုလည်း တပ်ဖွဲ့ဝင်များကို ညွှန်ကြားပြသလေ့ကျင့်ပေးထားပြီးဖြစ်ပါတယ်။

တစ်ဖွဲ့ဝင်တိုင်း ခါးမှာ ချိတ်ထားရပါမယ်။ မိမိအသက်အန္တရာယ်အတွက် အပြင်းအထန်အနေအထား တစ်ခု ဖြစ်လာခဲ့ရင် မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်အနေနဲ့ ယာဉ် ထိန်းတပ်ဖွဲ့ဝင်အားလုံးကို ထုတ်ပေး ထားတာပါ''ဟု ရှင်းလင်းပြောပြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ စက်တင်ဘာ ၂၈ ရက်မှစ၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ကျဉ်စက်ကို အသုံးပြုတာဝန်ထမ်းဆောင် နေကြောင်း သိရသည်။
(ဇာဏီအောင်-လားရှိုး)

No comments:

Post a Comment