Saturday, October 3, 2015

အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုဖြစ်ပွား




The Mirror Daily's photo.
နေပြည်တော် အောက်တိုဘာ ၂

ပျော်ဘွယ်မြို့နယ် ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၄/၅ နှင့် ၂၆၄/၆ ကြား၌ ယနေ့ နံနက် ၅ နာရီ မိနစ်(၅ဝ)ခန့်တွင် ရတနာပုံမြို့သစ် ပြည်ကြီးတံခွန်မြို့နယ်နေ ဦးကျော် သူအောင် မောင်းနှင်လာသော ယာဉ်အမှတ် ၆ဂ/------- ''မန်းရွှေမြို့တော်'' Express ခရီးသည်တင် မှန်လုံယာဉ်သည် တိုက်ရော့ပြုတ်ပြီး အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာ တုံးများအား တိုက်မိပြီးနောက် တစ်ဖက်ယာဉ်ကြော လမ်းပေါ် ညာဘက်အစပ်၌ ရပ်တန့်သွားခဲ့သည်။

၎င်း Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၆ ဦး စီးနင်းလိုက်ပါ ခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကျော်သူအောင်မှာ ဝဲခြေထောက် အနည်းငယ် (မစိုးရိမ်ရ) ဒဏ်ရာရ ရှိခဲ့သည်။ အခင်းဖြစ်ပွားရာနေရာ သို့ အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ လမ်းအပိုင်းတာဝန်ခံအင်ဂျင်နီယာများ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီရေးအသင်းအဖွဲ့များ ရောက်ရှိ ပြီး ဒဏ်ရာရရှိသူအား ညောင်ကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သော ယာဉ်မောင်းအား ပေပင်လေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
(အမြန်လမ်းမကြီးရဲတပ်ဖွဲ့)

No comments:

Post a Comment