Saturday, October 3, 2015

မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ သင်္ဂဇာချောင်းတွင်ကျင်းပ၊ ပြိုင်ပွဲဝင်အသင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်




The Mirror Daily's photo.


မန္တလေး အောက်တိုဘာ ၂

မန္တလေး ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အနောက် ချမ်းသာရတုံ့ကုန်းရပ်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ချမ်းသာရဘုရားလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ထီးတော်အသစ်တင်လှူခြင်းနှင့် ချမ်းသာရတံတား ပြန်လည်ပြုပြင်မှုပြီးစီးခြင်း အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက သင်္ဂဇာ ချောင်းတွင် ကျင်းပရာ အလှပြလောင်းလှေများ၊ တစ်ယောက်စီးလောင်းလှေများနှင့် ငှက်လှေများက အလှ ပြလှော်ခတ်ပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ပထမနေ့ပွဲစဉ်တွင် အပျော်တမ်းပြိုင်ပွဲ၌ အောင် ဇေယျအသင်းက ရွှေပန်းလူငယ်အသင်းကို နှစ်လား-တစ် လားဖြင့် အနိုင်ရရှိသွားပြီး အလွတ်တန်းပြိုင်ပွဲတွင် စိန်တုံး(က)အသင်းက ရွှေဖလား(ခ)အသင်းကို နှစ်လား-တစ်လားဖြင့်လည်းကောင်း၊ မိုးကောင်း(ခ)အသင်းက ချမ်းမြသာစည်အသင်းကို နှစ်လားပြတ်ဖြင့်လည်းကောင်း၊ ရွှေလေး(က)အသင်းက စိန်တုံး(ခ)အသင်းကို နှစ်လား ပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

''ချမ်းသာရတံတားပြုပြင်ခြင်း အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆)နှစ်က အခုလို တစ်ကြိမ်လှေ ပြိုင်ပွဲ ကျင်းပခဲ့ဖူးပါတယ်။ အခုပြိုင်ပွဲမှာ တစ်သင်းနဲ့ တစ်သင်း လက်ရည်မကွာဘဲ အကြိတ်အနယ်ဖြင့် ပရိသတ် တို့ စိတ်ဝင်စားမှုရပြီး အားပေးမှုကောင်းပါတယ်။ အပျော် တမ်းပြိုင်ပွဲမှာ (က)အုပ်စုမှာ ရွှေပန်းလူငယ်(က)၊ အောင်ဇေယျ(က)၊ ပုညဝ ဍ္ဎန(က)အသင်း၊ (ခ)အုပ်စုတွင် ရွှေပန်းလူငယ်(ခ)၊ အောင်ဇေယျ (ခ)၊ ပုညဝ ဍ္ဎန(ခ)အသင်းတို့ ပါဝင်ပါတယ်။ အလွတ်တန်းပြိုင်ပွဲမှာ ရွှေလေး(က)၊ ရွှေလေး(ခ)၊ စိန်တုံး (က)၊ စိန်တုံး(ခ)၊ ချမ်းအေးသာစံ၊ မိုးကောင်း(က)၊ မိုးကောင်းအသင်း(ခ)၊ ချမ်းမြသာစည်(ခ)၊ ကွက်သစ်(က)၊ ကွက်သစ်(ခ)၊ ရွှေပြည် ဆံအသင်း စသည့် အသင်းများ ပါဝင်ပါတယ်။ ပြိုင်ပွဲက ငါးတက်အမျိုးသား ပွဲစဉ်များဖြစ်ပါတယ်။ ဗိုလ်လုပွဲနဲ့ ဆုပေးပွဲကို အောက်တိုဘာ ၃ ရက်တွင် ကျင်းပပါမယ်''ဟု တာဝန်ရှိသူက ပြောကြားသည်။
(တင်မောင်)

No comments:

Post a Comment