Friday, October 2, 2015

ဓာတ်ပုံတွဲရိုက်ခွင့်မတောင်းဆိုဖို့ ပရိသတ်ကို တောင်းပန်ခဲ့တဲ့ဂျက်စတင်ဘီဘာ



The Mirror Daily's photo.


အသက်အငယ်ဆုံးသော အောင်မြင်သည့် အနုပညာရှင်တစ်ဦးအဖြစ် အနုပညာခရီးကို စတင်နိုင်ခဲ့တဲ့ အမေရိကန်ပေါ့ပ်အဆိုတော် ဂျက် စတင်ဘီဘာက သူ့အနေဖြင့် ပရိသတ် နဲ့အတူတွဲကာ ဓာတ်ပုံရိုက်ရတာကို အလွန်ပဲ ငြီးငွေ့နေပြီဖြစ်တဲ့အတွက် သူနဲ့ဓာတ်ပုံတွဲရိုက်ခွင့်ကို မတောင်းဆိုကြဖို့ ပရိသတ်ကို တောင်းပန်လိုက်ပါတယ်။

အသက် (၂၁)နှစ်အရွယ်ရှိပြီဖြစ် တဲ့ အဆိုတော်က တစ်ခါတလေ ပရိသတ်နဲ့အတူဓာတ်ပုံတွဲရိုက်ရတာ စိတ်မသက်မသာဖြစ်ရကြောင်း ဖွင့်ဟပြောဆိုခဲ့တဲ့ ဗွီဒီယိုကို စက်တင် ဘာ ၂၇ရက်တွင် အွန်လိုင်းမီဒီယာ ကနေတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်တွေကို သူနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ကို အတင်းအကျပ်မတောင်းဆိုဖို့ လည်း သူရဲ့ လူမှုကွန်ရက်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဂျက်စတင်ဘီဘာက 'ကျွန်တော့် ဆီကို ပရိသတ်တွေချဉ်းကပ်လာတဲ့ အခြေအနေပုံစံပေါ် မူတည်ပြီး ကျွန်တော့်စိတ်မှာ ဓာတ်ပုံရိုက်ချင်တဲ့ စိတ်၊ မရိုက်ချင်တဲ့စိတ်ဆိုတာ ဖြစ် ပေါ်လာခဲ့တယ်။ ကျွန်တော်တစ်နေရာ ရာကို သွားနေတဲ့အချိန်မှာ ပရိသတ် အနေနဲ့ ကျွန်တော့်ကိုဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းခဲ့တဲ့အခါ ကျွန်တော် ရပ် တန့်မသွားဘဲ ဆက်လမ်းလျှောက်နေခဲ့ မယ်ဆိုရင် အဲ့ဒါ ကျွန်တော်ပရိသတ် ကြီးနဲ့ ဓာတ်ပုံမရိုက်ချင်ဘူးလို့ဆိုလိုတယ်ဆိုတာကို နားလည်ပေးပါ။
ပရိသတ်တွေရဲ့ အော်ဟစ်နှုတ်ဆက် တဲ့အသံတွေကလည်း ကျွန်တော့ကို ဓာတ်ပုံရိုက်ချင်တဲ့စိတ်မဖြစ်စေပါဘူး''လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီးသူက ကျွန်တော်နဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့ ပရိသတ်ကြီး အနေနဲ့ ကျွန်တော်နဲ့ လာရောက် တွေ့ဆုံတာဟာ ကျွန်တော့်ကိုတွေ့ချင် တာလား၊ ကျွန်တော်နဲ့အတူတွေ့ခဲ့ တယ်ဆိုတဲ့ အကြောင်း အခြားသူ တွေကို ပြန်ပြောင်းပြောပြဖို့ အမှတ် တရတစ်ခုကို ပိုင်ဆိုင်ချင်တာလားဆို တာ ပြန်စဉ်းစားကြည့်ပါလို့ ပရိသတ် ကို မေးခွန်းထုတ်ခဲ့ပါတယ်။
ထို့ပြင်သူက ဓာတ်ပုံအတူ တွဲရိုက်ရတာထက် ပရိသတ်ကြီးနဲ့ အပြန်အလှန်စကားပြောရတာကို ပိုနှစ်သက်ကြောင်းလည်း ဆိုခဲ့ပါ တယ်။
အေးပြည့်

No comments:

Post a Comment