Friday, October 2, 2015

၂ဝ၁၅ အပြည်ပြည်ဆိုင်ရာ ဂီတဖျော်ဖြေပွဲတွင် ကမ္ဘာကျော်တေးသံရှင် ရက်ဒ်ဖူ လာရောက် ဖျော်ဖြေမည်



The Mirror Daily's photo.


အောက်တိုဘာလ ၄ ရက်တွင် ကျင်းပတော့မည့် ၂ဝ၁၅ အပြည်ပြည် ဆိုင်ရာဂီတဖျော်ဖြေပွဲ ( International Music Festival2015) ကို ရန်ကုန်မြို့တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း အောက်တိုဘာ ၃ဝ ရက်က CentralHotel ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းဖျော်ဖြေပွဲသို့ ကမ္ဘာကျော်တေးသံရှင် ရက်ဒ်ဖူနှင့်အတူမလေးရှား နိုင်ငံမှ DJ အဆိုတော်ဒါရန်အက်ရှလေ၊ မြန်မာနိုင်ငံမှ တေးသံရှင်အားတီနှင့် DJ-Yine တို့က ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကာ ဖျော်ဖြေပွဲမှ ရရှိသည့် ငွေကြးများကို ရေဘေးသင်ြ့ပည်သူများအတွက် လှူဒါန်းနိုင်ရန် ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း ဖျော်ဖြေပွဲစီစဉ်သူ တယ်ရီတင်မ်က ပြောသည်။
ရက်ဒ်ဖူသည် အမေရိကန်လူမျိုး ရက်ပ်အဆိုတော်၊ အကပညာရှင်၊ တေး ထုတ်လုပ်သူနှင့် ဒီဂျေပညာရှင်တစ်ဦးဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ စတင်ကာ အနုပညာလှုပ်ရှားမှုများကို စတင်ခဲ့သူဖြစ်သည်။ သူသည် ယနေ့အချိန်အထိ ဟစ်ဟော့ပ်၊ ပေါ့ပ်၊ အီလက်ထရိုပေါ့ပ်နှင့် ဟောက်စ်အီးဒီအမ်စသည့် ဂီတ အမျိုးအစားများကို ဖျော်ဖြေတင်ဆက်နေသူတစ်ဦးလည်း ဖြစ်သည်။
Polyphonic Music & Entertainment က စီစဉ်တင်ဆက်မည့် ယင်းဖျော်ဖြေပွဲတွင်Electro music ကို အဓိကထားတင်ဆက်မည်ဖြစ်သော ကြောင့် ယခုကဲ့သို့ ကမ္ဘာကျော်အီလက်ထရိုတေးသံရှင်တစ်ဦးဖြစ်သည့် ရက်ဒ်ဖူ ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း တယ်ရီတင်မ်ကဆက်လက် ပြောကြားခဲ့သည်။
ခင်ဇာလီ

No comments:

Post a Comment