Friday, October 2, 2015

မန်စီးတီး ကံကောင်း၍သာနိုင်ခဲ့ဟု ပယ်လီဂရီနီ ဝန်ခံ



The Mirror Daily's photo.


မန်စီးတီးနှင့် မိုချန်ဂလာဘတ်တို့ ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်၌ မန်စီးတီးအနေဖြင့် ခြေစွမ်းကောင်းမွန်သည်ထက် ကံကောင်း၍သာ အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ဝန်ခံပြောကြားခဲ့သည်။

မန်စီးတီးသည် ယင်းပွဲစဉ်ကို ဂျာမနီ မြေတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ပွဲချိန် ၅၄ မိနစ်၌ ဂလာဘတ်အသင်းမှ ဒယ်လ်၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရသော် လည်း ၆၅ မိနစ်တွင် အော့တမန်ဒီက မန်စီးတီးအတွက် ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။

သို့သော်ပွဲချိန်မိနစ်၉ဝတွင် တိုက်စစ်မှူး အဂူရိုက မန်စီးတီးအတွက် အဖိုးတန်အနိုင် ဂိုးကို ပ င်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ရာ ပယ်လီဂရီနီက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပယ်လီဂရီနီက'' ကျွန်တော်တို့ ဂျူဗင်တပ် နဲ့ ဝက်စ်ဟမ်းတို့ကို ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ကောင်းကောင်းမကစားနိုင်ခဲ့ဘဲ ရှုံးပွဲလည်း ကြုံခဲ့ရတယ်။အမှန်အတိုင်းဝန်ခံရရင် အခုပွဲ မှာလည်း ကောင်းကောင်းမကစားနိုင်ခဲ့ပေမယ့် ကံကောင်းပြီးတော့ ကျွန်တော်တို့ နိုင်ပွဲရခဲ့တယ်'' ဟုဆိုခဲ့သည်။

မန်စီးတီးသည်ပရီမီယာလိဂ်၌် စပါးနှင့် ဝက်စ်ဟမ်းတို့အား ရှုံးနိမ့်ခဲ့သလို ချန်ပီယံ လိဂ်ပွဲစဉ်တွင်လည်း ဂျူဗင်တပ်အား ထပ်မံအရေးနိမ့်ခဲ့ရာ ယခုပွဲမတိုင်မီ ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်သုံးပွဲစလုံးတွင် ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။မန်စီးတီးသည် ယခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယား အဆင့် (၃)နေရာတွင် ရပ်တည်လာနိုင်ခဲ့ပြီး ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်သို့ တက်ရောက်ရန် မျှော်လင့်ချက်အနည်းငယ် ရှင်သန်ခိုင်မာလာခဲ့ပြီဖြစ်သည်။
[မေလဲ့သင်း]

No comments:

Post a Comment