Friday, October 2, 2015

ရုရှားက ဆီးရီးယားကို လေကြောင်းမှတိုက်ခိုက်မှုစတင်



Myanmaalinn's photo.

မော်စကို အောက်တိုဘာ ၁

ဆယ်စုနှစ်များအတွင်း အရှေ့ အလယ်ပိုင်းဒေသသို့ အကြီးမားဆုံး ကျူးကျော်မှုအဖြစ် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို ရုရှားက လေကြောင်းမှ စတင်တိုက်ခိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြ သည်။
မော်စကိုက အမေရိကန်နှင့် အငြင်းပွားနေသော အိုင်အက်စ် စစ်သွေးကြွများနှင့် သူပုန်စခန်းများကိုစတင်တိုက်ခိုက်ခဲ့ကြောင်း၊ မော် စကိုနှင့်ဝါရှင်တန်တို့ ကြိုတင်ညှိ နှိုင်းမှုမရှိဘဲဆီးရီးယားရှိ ပစ်မှတ် များကို တစ်နေရာတည်းတွင် တိုက် ခိုက်သည့်အတွက် အန္တရာယ်များ ဖြစ်လာနိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။
အဆိုပါနှစ်နိုင်ငံသည် ဆီးရီး ယားကိစ္စအပေါ်စောနိုင်သမျှစော၍ ဆွေးနွေးရန် ကုလသမဂ္ဂ၌ သဘော တူညီခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗော့တို့က ပြောသည်။
''ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို စောနိုင်သမျှ စောစောအကောင် အထည်ဖော်ဆောင်ရွက်သွားမှာပါ။ မနက်ဖြန်ထက် စောချင်လည်းစောနိုင် ပါတယ်။ စစ်ဘက်အချင်းချင်းလည်း ဆွေးနွေးဖွယ်ရှိပါတယ်''ဟု ကယ်ရီက ပြောသည်။ ရုရှား၏သတိပေးမှုကို လျစ်လျူရှုခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် လေကြောင်းတိုက်ခိုက်မှုကို အမေ ရိကန်က ဆက်လက်ပြုလုပ်ခဲ့သည်ဟု ကယ်ရီက ဆိုသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အိုင်အက်စ်ကို တိုက်ပြီး အာဆတ်အစိုးရကို ကူညီ မည်ဟုဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment