Friday, October 2, 2015

လူအများအပြားသေဆုံးရသော ကိစ္စများတွင် ဗိတိုအာဏာသုံးရေး ပြင်သစ်၏တင်ပြချက်နိုင်ငံအများအပြားထောက်ခံ





ဂျီနီဗာ အောက်တိုဘာ ၁

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံအနေဖြင့် လူအစုအပြုံလိုက်သတ်ဖြတ်မှုကိစ္စများ တွင် လက်ရှိဗီတိုအာဏာသုံးစွဲခြင်း ကို ရှောင်ကြဉ်နေခြင်းအပေါ် ပြင်သစ် ၏အကြံပြုချက်ကို ဒါဇင်ပေါင်း များစွာသောနိုင်ငံများက ထောက်ခံ လိုက်သည်။
ဥရောပ၊ အာဖရိက၊ လက်တင် အမေရိကနှင့် အာရှတို့မှ နိုင်ငံပေါင်း ၇၅ နိုင်ငံက အဆိုပါအကြံပြုချက်ကို ထောက်ခံထားကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိရာတွင် နိုင်ငံ များ ပိုမိုပါဝင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြင်သစ်တာဝန်ရှိ သူများက ပြောသည်။
မိမိတို့အနေဖြင့် လူအစုအပြုံ လိုက် သေဆုံးမှုဖြစ်ပေါ်နေသော ဆီးရီးယားကဲ့သို့ အခြေအနေကို ပိုမို ကောင်းမွန်အောင်ဆောင်ရွက်သွား ရန် မျှော်လင့်ပါကြောင်း လုံခြုံရေး ကောင်စီအနေဖြင့် ဗီတိုအာဏာကို အသုံးမဝင်အောင်ပြုလုပ်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော ရင်ဖာဘီရပ်စ်က သတင်းထောက်များ အား ပြောကြားသည်။
ပြင်သစ်နိုင်ငံသည် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သော် လည်း လူအများအပြား သေဆုံးသည့် ကိစ္စများတွင် ဗီတိုအာဏာအသုံး မပြုဘဲနေကြောင်း ၎င်းကဝန်ခံ ပြောကြားသည်။

(ရိုက်တာ)

No comments:

Post a Comment