Wednesday, October 28, 2015

ကျေးရွာမြေငှားဂရန်များ ထုတ်ပေး



The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီက ခရိုင်အတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပြင်ပ(၄) မြို့နယ်ဖြစ်သော မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်မြို့နယ်များမှ ကျေးရွာများ အား မြေငှားဂရန်များ ထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး (တိုင်းဒေသကြီး မြေငှားဂရန်များ ထုတ်ပေးရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ) ဦးစိုးမင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြေငှားဂရန်များ ထုတ်ပေးမှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက ရှင်းလင်းပြောကြားကာ ခရိုင်အတွင်းရှိ စည်ပင်လေးမြို့နယ်မှ လှည်းကူးမြို့နယ် ဆင်ဖုံကျေးရွာရှိ မူလရွာမြေ ၁၅ ဒသမ ၁၈ ဧကတွင် အိမ်ခြေ ၁၂၅ ခုဖြစ်ပြီး ယနေ့ ဂရန်ထုတ်ပေးမှုမှာ ၉၆ ဦး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာရှိ မူလရွာမြေ ၁၄ ဧက အိမ်ခြေ ၇၁ ခုအတွက် ယနေ့ ထုတ်ပေးဂရန်မှာ ၄၃ ဦး ထုတ်ပေးခဲ့ကြောင်း၊ တိုက်ကြီးမြို့နယ် တော်လတီရွာမ ကျေးရွာရှိ မူလရွာမြေ ၂၅ ဒသမ ၈၆ ဧက အိမ်ခြေ ၁၄၈ ခုအနက်မှ ၄၈ ဦးကိုလည်းကောင်း၊ ထန်းတပင်မြို့နယ် ကျောင်းကုန်း ကျေးရွာရှိ မူလရွာမြေ ၄ ဒသမ ၆၈ ဧကအတွင်းမှ အိမ်ခြေ ၃၇ ခုဖြစ်ပြီး ယနေ့ထုတ်ပေးမှုသည် ၃၇ ဦးတို့ကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီး လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းမောင်၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က မြေငှားဂရန်များကို အသီးသီးပေးအပ်ခဲ့သည်။ ထုတ်ပေးရန်ကျန်ရှိနေသည့် မြေငှား ဂရန်များအတွက်လည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment