Wednesday, October 28, 2015

ဆောင်းဟေကို၏ ရုပ်သံဇာတ်လမ်းတွဲသစ် ထုတ်လွှင့်ပြသမည်ရက်ကြေညာ



The Mirror Daily's photo.
ခေါင်းဆောင်မင်းသမီးအဖြစ် တောင်ကိုရီးယားမင်းသမီးချော ဆောင်းဟေကိုနှင့် ခေါင်းဆောင်မင်းသားအဖြစ် ဆောင်ဂျွန်ကီတို့ပါဝင် သရုပ်ဆောင်ထားသည့် ရုပ်သံဇာတ်လမ်းတွဲသစ် “Descendants of the Sun”ကို လာမည့် ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

လတ်တလောတွင် အဆိုပါရုပ်ရှင်၏ အကြိုရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကာ အချောသတ်လုပ်ငန်းများစတင် နေခဲ့ပြီဖြစ်ပြီး ယခုနှစ်ကုန်တွင် အပြီးသတ်ရိုက်ကူးနိုင်ရန် ကြိုးပမ်းနေကြောင်း လည်း သိရသည်။

ဆောင်းဟေကို၊ ဆောင်ဂျွန်ကီနှင့် အခြားသော အဓိကဇာတ်ဆောင်များ သည် ယခုအောက်တိုဘာလကုန်တွင် ဂရိနိုင်ငံသို့ထွက်ခွာမည်ဖြစ်သည်။ ယင်းဂရိနိုင်ငံသည် အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်သည့် ဆောင်းဟေကိုနှင့် ဆောင်ဂျွန်ကီတို့စတင်တွေ့ဆုံခဲ့သည့်နေရာဖြစ်ကာ ယင်းရုပ်သံဇာတ်လမ်း တွဲ၏ ဇာတ်လမ်းစတင်ရာနေရာလည်းဖြစ်သည်။

အဆိုပါရုပ်သံဇာတ်လမ်းတွဲ “Descendants of the Sun”သည် ရေခြားမြေခြားတွင် တွေ့ဆုံခဲ့ကြသော သူစိမ်းနှစ်ယောက်၏ အချစ်နှင့် စိတ်ကူးယဉ်အိပ်မက်များကို ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်ကာ ဘဝ၏ အနှစ်သာရနှင့် အရသာကိုလည်း ကြည့်ရှုခံစားနိုင်မည့်ဇာတ်လမ်းအမျိုး အစားဖြစ်သည်။ ယင်းရုပ်ရှင်တွင် ဆောင်းဟေကိုသည် စွဲဆောင်မှုရှိသည့် ဆရာဝန်မလေး ကန်မိုယွန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဆောင်ဂျွန်ကီက မူ အထူးတပ်ဖွဲ့တစ်ဖွဲ့၏ ဗိုလ်မှူးတစ်ဦးဖြစ်သည့် ယိုရှီဂျင်အဖြစ် သရုပ်ဆောင်ထားသည်။

အေးပြည့်
ရေးသားသည်

No comments:

Post a Comment