Friday, October 30, 2015

ကျောက်မျက်ရတနာအချောထည်လုပ်ငန်းနှင့် သင်တန်းဖွင့်




The Mirror Daily's photo.


မြစ်ကြီးနား အောက်တိုဘာ ၂၉

ကျောက်မျက်ရတနာအချောထည်လုပ်ငန်းနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ တော်ဝင်ကျောက်စိမ်း ကုမ္ပဏီလီမိတက်ရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးကရိုင်လဆန်တို့က အလုပ်ရုံဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ကံဆီး ဆိုင်းလုံ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဘိုရှိန်နှင့် တက်ရောက်လာကြသူများအား အလုပ်ရုံ အတွင်းရှိ စက်ကိရိယာများဖြင့် ကျောက်အကြမ်းထည်များ ဖြတ်တောက်သည့်လုပ်ငန်း၊ ကျောက်စိမ်း လက်ကောက်၊ ကျောက်စိမ်းပုတီးအချောထည်များအဖြစ် ခေတ်မီစက်ကိရိယာများဖြင့် ပြုလုပ်ပုံအဆင့်ဆင့်နှင့် ကျောက်စိမ်းပန်းပုလုပ်ငန်းများအား စာတွေ့လက်တွေ့ သင်ကြားပြသမှုတို့ကို ကျောက်မျက်အချောထည်ပြုလုပ် နည်းသင်တန်းအတွက် သင်ကြားပို့ချပေးမည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်မှ ကျောက်မျက်အသင်း ဥက္ကဋ္ဌ ကျောက်စိမ်းပန်းပုပညာရှင် Mr.Man San နှင့် အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသပေးကြသည်။
အဆိုပါ ကျောက်မျက်အချောထည်သင်တန်းကို တစ်ပတ်လျှင်သင်တန်းသား ၂ဝ ဖြင့် နှစ်နှစ်အတွင်း ကျောက်မျက်အချောထည်ပြုလုပ်ခြင်း အတတ်ပညာကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ပြည်နယ်ပြန်/ဆက်)

No comments:

Post a Comment