Thursday, October 29, 2015

ရွန်းနေကို ချီးကျူးဂုဏ်ပြုတဲ့ပွဲ မန်ယူ ကျင်းပလို




ကောင်းမြတ်သူ-စုစည်းသည်

တိုက်စစ်မှူးရွန်းနေကို ၁၂နှစ်ကြာ အိုးထရက် ဖို့ဒ်မှာ ကစားခဲ့ခြင်းကို အသိအမှတ်ပြုလိုတဲ့အနေနဲ့ မန်ယူက အဲဗာတန်ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားလိုတယ်လို့ မန်ယူတာဝန်ရှိသူတွေက ဆိုပါတယ်။ ရွန်းနေဟာ ၂ဝဝ၄ ခုနှစ် သြဂုတ် လက အဲဗာတန်မှ မန်ယူကို ပြောင်းလာခဲ့တာပါ။

မန်ယူက အင်္ဂလန်အသင်းခေါင်းဆောင် ရွန်းနေကို အသင်းမှာ ၁၂ နှစ်ကြာကစားခဲ့ခြင်းကို ဂုဏ်ပြုမယ် လို့ ဆိုပါတယ်။ ရွန်းနေအနေနဲ့လည်း အသင်း ဟောင်း အဲဗာတန်နဲ့ ကစားချင်ပါတယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ရွန်းနေက သူ့အနေနဲ့ ဘိုင်ယန် မြူးနစ်၊ ဘာစီလိုနာတို့လိုအသင်းတွေနဲ့ ကစား ချင်တယ်လို့ ဆိုပါတယ်။

မန်ယူအသင်းခေါင်းဆောင် ရွန်းနေ က လာမယ့်နှစ် သြဂုတ်လမှာကစားမယ့် အဲဗာတန်နဲ့ပွဲမှာရမယ့် ငွေကြေးတွေအားလုံးကို လူမှုရေးအဖွဲ့ အစည်းအားလုံးသို့ လှူဒါန်းသွား မယ်လို့ဆိုပါတယ်။ တိုက်စစ်မှူး ရွန်းနေဟာ အဲဗာ တန်မှာ ကစားတုန်း က ပွဲပေါင်း ၇၇ပွဲမှာ ၁၇ ဂိုးသွင်းယူခဲ့ပြီး မန်ယူမှာ ကစားစဉ် ၄၉၃ ပွဲမှာ ၂၃၆ ဂိုးအထိ သွင်းယူခဲ့ပါ တယ်။ အင်္ဂလန်အသင်း မှာတော့ ပွဲပေါင်း ၁ဝ၇ ပွဲမှာ ဂိုး ၅ဝ သွင်းယူထား ပါတယ်။

No comments:

Post a Comment