Wednesday, October 28, 2015

မြစ်ကြီးနားမြို့နယ် အောင်နန်းရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား



The Mirror Daily's photo.
မြစ်ကြီးနား အောက်တိုဘာ ၂၇
မြစ်ကြီးနားမြို့နယ် အောင်နန်း ရပ်ကွက် ဈေးကြီးလမ်း မြကန်သာ တည်းခိုခန်း၌ အောက်တိုဘာ ၂၇ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လျှပ်စစ် ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ တည်းခိုခန်း၏ သွပ်မိုး၊ နံကပ်နှစ်ထပ်၊ ယင်းတည်းခိုခန်းနှင့် ကပ်လျက်တည်ရှိသော ရွှေပြည်တော် တည်းခိုခန်း သွပ်မိုး၊ နံကပ်အပေါ်ထပ်နှင့် မြကန်သာတည်းခိုခန်း၏ ညာဘက်တွင် ကပ်လျက်ရှိသော သွပ်မိုး၊ ပျဉ်ကာ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးကိုငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် မီးညွန့်ကျိုးခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment