Wednesday, October 28, 2015

နာဗက်စ်လက်စွမ်းပြနေသော်လည်း ဒီဂီယာကို စိတ်ဝင်စားနေဆဲ ရီးယဲလ်




The Mirror Daily's photo.


စပိန်ကလပ်ရီးယဲလ်မက်ဒရစ်သည် လက်ရှိဂိုးသမားကီလာနာဗက်စ်လက်စွမ်းပြသနေသော်လည်း မန်ယူဂိုးသမား ဒီဂီယာအားခေါ်ယူရန် ယခုအချိန်ထိစိတ်ဝင်စားနေဆဲပင်ဖြစ်သည်။ရီးယဲလ်ဂိုးသမားနာဗက်စ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်တွင် ပေးဂိုးသုံးဂိုးသာရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရိသတ်များက ရီးယဲလ်၏ သူရဲကောင်းအဖြစ်သတ်မှတ်ထားသော်လည်းအဆိုပါ ဂိုးသမား၏ ထိရောက်သော စွမ်း ဆောင် ချက်များက ဒီဂီယာအားခေါ်ယူရန်ပြင်ဆင်နေသော ရီးယဲလ်၏ ခြေလှမ်းများအား ရပ်တန့်အောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေ။

နာဗက်စ်သည် ယခုနှစ်တွင် အံ့ဖွယ် ဂိုးကာကွယ်မှု (၂၇)ကြိမ်ပြုလုပ်နိုင်ပြီး ဆယ်လ်တာဗီဂိုနှင့် ပွဲစဉ်၌ ခက်ခဲသော ကာကွယ်မှု လေးကြိမ် အထိ ပြုလုပ်နိုင်ခဲ့သည်။ရီးယဲလ်သည် ယခုနှစ်တွင်နောက်တန်းကစားပုံပိုကောင်းမွန်လာသလို နာဗက်စ်လည်း လက်စွမ်းပြနေသောကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ဥရောပ၏ ခံစစ်အကောင်းဆုံးအသင်းအဖြစ်ရောက်ရှိလာခဲ့သည်။

'' ဒါက ကောလာဟလတွေပါ။ တကယ်ဆို ကစားသမားတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူပြသတဲ့ စွမ်းဆောင်ချက်အပေါ်မှာပဲ မူတည်ပြီး တော့ သတ်မှတ်ရမှာပါ။ အခုတော့ စပိန်ကလပ်မှာ စပိန်ဂိုးသမားကိုပဲနေရာရစေချင်နေတဲ့ မီဒီယာတွေကသူတို့လိုချင်တာကို အတင်းမီးမောင်းထိုး ပြီး ဖော်ပြနေတော့ မငြိမ်မသက်အခြေအနေတွေကိုပဲ ဦးတည်စေတာပေါ့ဗျာ''ဟု ဂိုးသမားနာဗက်စ်၏ ဖခင်ဖြစ်သူက ဒေါသတကြီးပြောကြားခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment