Wednesday, October 28, 2015

လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရာမှ အခြားလုယက်မှုများထပ်မံပေါ်ပေါက်




The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၂၇

အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် ဘူတာလမ်းထိပ်မှ ဆိုက္ကား စီးနင်းလာသည့် အမျိုးသမီးနှစ်ဦးအနက် နောက်မှထိုင်စီးသူ အင်းစိန်မြို့နယ်နေ မမြင့်မြင့်အေး၏ လည်ပင်းတွင်ဆွဲထားသော အလေးချိန် နှစ်ကျပ်သားကျော် ခန့်ရှိ ရွှေဆွဲကြိုးအား ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးက ဆွဲဖြတ်လုယူ ထွက်ပြေးမှု တစ်မှု စက်တင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ရာ အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်ခဲ့သည်။

အဆိုပါအမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ လှိုင်သာယာမြို့နယ် (၁၆)ရပ်ကွက်ရှိ အဆောင်တွင် နေထိုင်သူ ကျော်ကို(ခ)ကျော်ကိုကို (၁၈)နှစ်အား အောက်တိုဘာ ၁၂ ရက်က စစ်ဆေးခဲ့ရာ ၄င်းနှင့် အေးချမ်း(စုံစမ်းဆဲ)တို့နှစ်ဦးက ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ရောင်းချထားသောဆိုင်မှ အရည်ကျိုထားသော သက်သေခံ ရွှေတုံးအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ အေးချမ်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။

၎င်းအား ဆက်လက်စစ်ဆေးရာ စက်တင်ဘာလအတွင်းက မိုးအောင် (စုံစမ်းဆဲ)နှင့်အတူ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ဘီပီအိုင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံရှေ့ လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦး၏ ရွှေဆွဲ ကြိုးအား လုယက်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီး ရောင်းချထားသောဆိုင်မှ အရည် ကျိုထားသော အလေးချိန် သုံးပဲခန့်ရှိ သက်သေခံရွှေတုံးအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့သည်။

¤င်းပြင် ကျော်ကို(ခ)ကျော်ကိုကိုသည် လှိုင်သာယာမြို့နယ်နေ ဇင်မင်း ထိုက် (၁၉)နှစ်၊ ဆန်းထွန်းအောင် (၁၈)နှစ်တို့နှင့်အတူ လုယက်မှုများ ကျူးလွန် ထားကြောင်း သိရှိရသဖြင့် ဇင်မင်းထိုက်နှင့် ဆန်းထွန်းအောင်တို့နှစ်ဦးကို အောက်တိုဘာ ၁၃ ရက်က ဆက်လက်ဖမ်းဆီးခဲ့ပြီး ၄င်းတို့သုံးဦးအား စစ်ဆေးခဲ့ရာ ဇူလိုင်လအတွင်းက လှိုင်သာယာမြို့နယ် ဘုရားလမ်းတွင် အမျိုး သမီးတစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် တခြားအမျိုးသမီးတစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံး၊ နဝဒေးအိမ်ရာဝင်းအတွင်း လမ်းမပေါ်တွင် အမျိုးသမီး တစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့အားလည်းကောင်း၊ သြဂုတ်လအတွင်းက လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာဝင်းအတွင်း လမ်းမပေါ်တွင် အမျိုးသမီး တစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် အမျိုးသားတစ်ဦးထံမှ လက်ကိုင်ဖုန်း တစ်လုံး၊ ငွေပင်လယ်ဘုရားဝင်းအတွင်း အမျိုးသမီးတစ်ဦးထံမှ လက်ကိုင်ဖုန်း တစ်လုံးတို့ အားလည်းကောင်း၊ စက်တင်ဘာလအတွင်း လှိုင်သာယာမြို့နယ် အောင်မြေသာဘုရားဝင်းအတွင်း အမျိုးသမီးသုံးဦးထံမှ လက်ကိုင်ဖုန်းသုံးလုံး တို့အားလည်းကောင်း လုယက်ယူဆောင်ခဲ့ပြီး ရောင်းချထားကြောင်းပေါ်ပေါက် ခဲ့ပြီး သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။

ဇင်မင်းထိုက်သည် စက်တင်ဘာလအတွင်းက ဖိုးတာ(စုံစမ်းဆဲ)နှင့်အတူ အင်းစိန်မြို့နယ် ပေါက်တောဝမှတ်တိုင်အနီး၌ အမျိုးသမီးတစ်ဦးထံမှ အလေးချိန်တစ်ကျပ်သားကျော်ခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံးအား လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး သက်သေခံပစ္စည်းအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။

ယင်းသို့ ပေါ်ပေါက်ချက်များအရ ၄င်းတို့အား သက်ဆိုင်ရာ လှိုင်သာယာ မြို့မရဲစခန်းနှင့် အင်းစိန်မြို့မရဲစခန်းတို့တွင် အမှုငါးမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး မိုးအောင်နှင့် ဖိုးတာတို့အား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment