Saturday, October 3, 2015

ကျောင်းကိုးကျောင်းအနက် နှစ်ကျောင်းပြန်လည်ဖွင့်လှစ်




The Mirror Daily's photo.


ကျောင်းကုန်း အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့တွင် ယာယီပိတ်ထားသော စာသင်ကျောင်း ကိုးကျောင်းအနက် အမက အုန်းပင်စုနှင့် အမက ဂန့်ဂေါ်ကျောင်း နှစ်ကျောင်းသည် အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်သည်။ ကျန်ကျောင်းခုနစ်ကျောင်းသည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ အမကအုန်းပင်စု ကျောင်းသည် ပတ်ဝန်းကျင်တွင် ရေများရှိနေသေးသဖြင့် ကျောင်းသား ကျောင်းသူများ အန္တရာယ်စိုးရိမ်ရ၍ မိဘများက ကျောင်းသို့ လိုက်လံပို့ဆောင်ပေးနေရသည်။ ယခုပိတ်ရက်များအား ဖြည့်စွက်အစားထိုး သင်ကြားပေး မည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment