Saturday, October 3, 2015

ကလေးဝမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီး



The Mirror Daily's photo.


ကလေးဝ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် တုန်နန်းကျေးရွာမှ လူနေအိမ် သုံးလုံးနှင့် ကျွဲကူးကျေးရွာမှ လူနေအိမ် ၃၈ လုံး၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း နှင့် ကျေးလက်ဆေးပေးခန်းတို့၏ သွပ်မိုးများ လေပြင်းနှင့်အတူ လွင့်ပါပျက်စီးသွားခဲ့ပြီး ကာလတန်ဖိုးငွေကျပ် ၂၃သိန်းကျော် ပျက်စီးဆုံးရှုံး သွားခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်ခံရသော ဒေသ များသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကယ်ဆယ် ရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ စီမံဆောင်ရွက်လျက်ရှိပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနှင့် ကျွဲ၊ နွား တိရစ္ဆာန် များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
သီဟ(iprd)

No comments:

Post a Comment