Saturday, October 3, 2015

ကလေးရေဘေးသင့်ဒေသတွင် ပျက်စီးသွားသည့် လူနေအိမ်များအား အသစ်ပြန်လည်တည်ဆောက်ပေးလျက်ရှိ




The Mirror Daily's photo.


မုံရွာ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လနှင့် သြဂုတ်လဆန်းပိုင်းက နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကလေးဒေသတွင် မြစ်ရေ၊ ချောင်းရေများ လျှံတက်ခဲ့ သဖြင့် လယ်ယာမြေများ ရေနစ်မြုပ် ခြင်း၊ လူနေအိမ်များ ရေတွင်မျောပါ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ ထောက်ပံ့ကူညီမှုများဖြင့် ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းဖြစ်သည့် ရေကြီးနစ်မြုပ် လယ်ယာမြေများအား အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ထွန်စက်ကြီးများဖြင့် အခမဲ့ကူညီ ထွန်ယက်ပေးခြင်း၊ ကလေးမြို့နယ် ကျောက္ကာကျေးရွာမှ ပျက်စီးသွားခဲ့ သည့် လူနေအိမ်များအစား နေအိမ် ၁ဝ၁ လုံးနှင့် အေးသာယာကျေးရွာ တွင် ပျက်စီးသွားခဲ့သည့် လူနေအိမ် များအစား နေအိမ် ၃၆ လုံး ဆောက် လုပ်ရန် လျာထားလျက်ရှိပြီး Type (A) နှင Type (B)ဟူ၍ အုပ်စုနှစ်မျိုး ဖြင့် ယခုအခါတွင် စတင်ဆောက်လုပ် ပေးနေပြီဖြစ်သည်။

အဆိုပါ ရေဘေးသင့်ဒေသတွင် ပျက်စီးခဲ့သည့် လူနေအိမ်များပြန်လည် တည်ဆောက်ပေးမှု လုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့်၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာ ၆၈ခုမှ ကျေးရွာ သစ် ပြန်လည်ထူထောင်ရေးအတွက် နေအိမ်အလုံး ၃၅၈ လုံး ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)

No comments:

Post a Comment