Thursday, October 1, 2015

ဆီးရီးယားသူပုန်လေ့ကျင့်သင်တန်းပေးရေး အမေရိကန်ရပ်ဆိုင်း



Myanmaalinn's photo.

ဝါရှင်တန် စက်တင်ဘာ ၃ဝ

အမေရိကန်အနေဖြင့် နိုင်ငံအပြင်ဘက် ဆီးရီးယားစစ်မြေပြင်မှ တပ်သားသစ်များ စုဆောင်းပြီး လေ့ကျင့် သင်ကြားပေးမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောသည်။
အမေရိကန်၏စစ်ရေးအစီအစဉ်ပြောင်းလဲသွားခြင်းကြောင့် အဆိုပါအစီအစဉ်ကို ရပ်ဆိုင်းထားမည်ဟုဆိုသည်။ တိုက်ခိုက်ရေးသမား ၆ဝ ထက်မနည်း ဆီးရီးယား အယ်လ်ခိုင်ဒါဖြစ်သည့် နျူဆရာတပ်ဦးအဖွဲ့၏တိုက်ခိုက်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းတို့ကြောင့်လည်းဖြစ်ကြောင်း အမေရိကန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ အမေ ရိကန်တို့လေ့ကျင့်ပေးထားသော သူပုန်များသည် ယင်းတို့၏ လက်နက်များကို လွန်ခဲ့သောသီတင်းပတ်က နျူဆရာ တပ်ဦးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment