Thursday, October 1, 2015

အလုံး ၂၀ မြောက်ဂြိုဟ်တု တရုတ်လွှတ်တင်



Myanmaalinn's photo.

စီချွမ် စက်တင်ဘာ ၃ဝ

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဗုဒ္ဓဟူးနေ့ ပေကျင်း စံတော်ချိန် နံနက် ၇ နာရီ ၁၃ မိနစ်တွင် ကမ္ဘာလုံးဆိုင်ရာ သွားလာမှုကို အထောက်အကူပြုမည့် ဂြိုဟ်တုသစ်တစ်လုံး ကို လွှတ်တင်လိုက်သည်။
အဆိုပါ ဂြိုဟ်တုကို စီချွမ်ပြည်နယ် အနောက် တောင်ပိုင်း ရှီချန်းဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ Long March -3B ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်း ဂြိုဟ်တုသည် ဘိုင်ဒိုးမြေပြင်လေ့လာရေး ဂြိုဟ်တုစနစ် (ဘီဒီအက်စ်)မှ လွှတ်တင်ခဲ့သော အလုံး ၂ဝ မြောက် ဂြိုဟ်တုဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်၏ ဂျီပီအက်စ်စနစ်ကို အစားထိုးနိုင်မည့် လမ်းညွှန်မြေပုံစနစ်ကို ပြောင်းလဲသုံးစွဲ နိုင်ရန် ခြေလှမ်းတစ်ရပ်ဆီသို့ ချဉ်းကပ်လာပြီဟု ဆိုသည်။

(ဆင်ဟွာ)

No comments:

Post a Comment