Thursday, October 1, 2015

အဆုံးသတ်သေချာတယ်ဆိုတဲ့ စတာရစ်




ကောင်းမြတ်သူ-စုစည်းသည်

ပရီမီယာလိဂ်မှာ စတာရစ်ထက် အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးဆိုတာ မန်စီးတီးက အဂူရိုတစ်ယောက်ပဲရှိတယ်လို့ လီဗာပူး နောက်တန်းကစားသမားဟောင်း ကာရေဂါက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ လီဗာပူးနဲ့ အက်စ်တွန် ဗီလာတို့ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးက သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ စတာရစ်က အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် စတာရစ်ဟာ ဒဏ်ရာရပြီးနောက် ပြန်လည်ကစားရာမှာ ခြေစွမ်းပြကစားခဲ့တာ ဖြစ်ပါတယ်။ စတာရစ်ရဲ့ ဂိုးသွင်းအောင်ပွဲခံမှုကို ၁၉၉၆ မှ ၂ဝ၁၃ ခုနှစ်အထိ လီဗာပူးမှာ ကစားခဲ့တဲ့ ကာရေဂါက ချီးကျူး ပြောဆိုခဲ့ပါတယ်။ စတာရစ်ထက် အဆုံးသတ်သေချာတဲ့ ကစားသမားဆိုတာ ပရီမီယာလိဂ်မှာ အဂူရိုတစ်ယောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ စတာရစ်ဟာ သူ့အတွက်တော့ အကောင်းဆုံး ကစားသမားပါပဲလို့ ကာရေဂါက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။ စတာရစ် ခြေစွမ်းပြကစားလာနိုင်တဲ့အတွက် လီဗာပူးအသင်းဟာလည်း ပရီမီယာလိဂ်မှာ ထိပ်ပိုင်းအသင်းအဖြစ် ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment