Thursday, October 1, 2015

အကောင်းဆုံး ကွင်းလယ်ကစားသမား မဟုတ်တော့တဲ့ ယာယာတိုရေး





ကောင်းမြတ်သူ-စုစည်းသည်

ယာယာတိုရေးဟာ ပရီမီယာလိဂ် မှာတော့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦးပါ။ သို့ပေမယ့် ပြီးခဲ့တဲ့ သုံးပတ်လောက်မှာတော့ တိုရေးဟာ အကောင်းဆုံး ကွင်းလယ် ကစားသမား မဟုတ်တော့ဘူးလို့ ဂါရီနဗီးလ်က ပြောဆိုလိုက်ပါတယ်။ နဗီးလ်က မန်စီးတီးနည်းပြ ပယ်ရီ ဂရင်းနီက တိုရေးကို ထည့်သွင်း ကစားဖို့ သုံးကြိမ်တိုင် ဆုံးဖြတ်ချက် ချခဲ့ရခြင်းကို မေးခွန်းထုတ်ခဲ့ပါ တယ်။ စပါးကို လေးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်သွားတဲ့ မန်စီးတီးအတွက် တိုရေးခြေစွမ်းကို လုံးဝမတွေ့ရဘူး လို့ နဗီးလ်ကဆိုပါတယ်။ တိုရေးဟာ အရည်အချင်းပြည့်ဝတဲ့ ကွင်းလယ် ကစားသမားကောင်းတစ်ဦး ဖြစ်ပါ တယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ သုံးပွဲမှာ တော့ တိုရေးရဲ့ ခြေစွမ်းဟာ တော် တော်လေး ကျဆင်းသွားတာ တွေ့ရ တယ်လို့ ဆိုပါတယ်။ တိုရေးရဲ့ ခြေစွမ်း ပျောက်ဆုံးနေတာ တွေ့ရပါ တယ်။

No comments:

Post a Comment