Friday, October 30, 2015

ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရေး ဗီယင်နာ၌ ဆွေးနွေးမည်



Myanmaalinn's photo.

ဗီယင်နာ အောက်တိုဘာ ၂၉

ဆီးရီးယားရှိ အစိုးရဆန့်ကျင် ရေးအဖွဲ့များကို ကူညီထောက်ပံ့နေ သောနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် သမ္မတဘတ်ရှာ အယ်လ်အာဆတ်ကို ထောက်ပံ့ပေး နေသော နိုင်ငံများမှ ခေါင်းဆောင် များသည် ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် နည်းလမ်း များကို ဆွေးနွေးလိမ့်မည်ဖြစ် ကြောင်း သိရသည်။
ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်ရေး အစည်းအဝေးကို ဗီယင် နာတွင် အောက်တိုဘာ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ သတင်းရင်းမြစ်များကို ကိုးကား၍ ရုရှားနိုင်ငံပိုင် သတင်း အေဂျင်စီက ပြောကြားခဲ့သည်။
အမေရိကန်၊ ရုရှား၊ တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ နိုင်ငံ ခြားရေးဝန်ကြီးများ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။ ထို့ အပြင် ၄င်းတို့နှင့်အတူ အီရန်၊ အီဂျစ်နှင့် ပြင်သစ်တို့မှ နိုင်ငံခြား ရေးဝန်ကြီးများလည်း လာမည့် အောက်တိုဘာ ၃ဝ ရက်တွင် အစည်း အဝေးသို့ တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
လွန်ခဲ့သော သီတင်းပတ်တွင် ရုရှားက ငြိမ်းချမ်းရေး အစီ အစဉ်တစ်ခုကိုတင်ပြခဲ့ပြီး ၄င်းအစီ အစဉ်မှာ ဆီးရီးယားပြည်တွင်းစစ် ကို အဆုံးသတ်စေမည်ဖြစ်ကာ သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲများကို တစ်နှစ်ခွဲ အတွင်း ကျင်းပနိုင်မည်ဖြစ်သည်။
ထိုအစည်းအဝေးသို့ အီရန် သည် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းဖြစ်သည်။
အီရန်သည် ရုရှားနှင့် ပူးပေါင်း ပြီး အာဆတ်အစိုးရကို ထောက်ခံ သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ရုရှားသည် ၄င်း၏ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရအစည်းအဝေးကို ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
အခြား တစ်ဖက်တွင်လည်း အနောက်နိုင်ငံများနှင့် ဆော်ဒီ အာရေဗျနိုင်ငံတို့က အာဆတ် အစိုးရကို ရာထူးမှဖြုတ်ချချင်နေ ကြသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment