Friday, October 30, 2015

မောင်းသူမဲ့ကားများ ၂၀၂၀ တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်တော့မည်



Myanmaalinn's photo.

တိုကျို အောက်တိုဘာ ၂၉ 

အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ကားများကို လာမည့် ၂ဝ၂ဝပြည့်နှစ်တွင် စီးပွားဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်း ဟွန်ဒါမော်တော် ကားကုမ္ပဏီက လွန်ခဲ့သောရက် အနည်းငယ်က ပြောခဲ့သည်။ အလို အလျောက်မောင်းနှင်နိုင်သည့် မော်တော်ကားစနစ်များတွင် အမြန်လမ်းမ ကြီးပေါ်တွင် မောင်းနှင်ရပ်တန့်နိုင်မည့်စနစ်များလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် တိုယိုတာမော်တော်ကားကုမ္ပဏီနှင့် နစ်ဆန်းမော်တော်ကား ကုမ္ပဏီတို့ကလည်း လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် အလိုအလျောက် မောင်းနှင်နိုင်သည့်မော်တော်ကားများကို စီးပွားဖြစ်ထုတ်လုပ်မည့် ၄င်း တို့၏အစီအစဉ်ကို ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဟွန်ဒါမော်တော်ကားကုမ္ပဏီက မြို့ထဲလမ်းများပေါ်တွင် အလို အလျောက်မောင်းနှင်နိုင်ပြီး သွားမည့်ခရီးအကွာအဝေးကို တွက်ချက် နိုင်သည့် မော်တော်ကားများကို ပထမဆုံးထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာမည့် ၂ဝ၂ဝတွင် ထုတ်လုပ်မည့် အလိုအလျောက်မောင်းနှင် နိုင်သည့် မော်တော်ကားများတွင် အမြန်လမ်းမကြီးပေါ်၌ မော်တော် ယာဉ်ကို လိုရာမောင်းနှင်နိုင်မည့် စနစ်၊ လိုအပ်သောအရှိန်ကို ထိန်းညှိ ပေးနိုင်ခြင်း၊ မိမိရောက်လိုသောနေရာတွင် အလိုအလျောက်ရပ်တန့်ပေးမည့်ဘရိတ်စနစ်၊ အကယ်၍လိုအပ်ပါက လမ်းကြောင်းပြောင်းလဲနိုင်မည့် စနစ်စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မကြာတော့သောအနာဂတ်ကာလတွင် ဟွန်ဒါမော်တော်ကားကုမ္ပဏီ က တိုကျိုမြို့လယ်အမြန်လမ်းမပေါ်တွင် အလိုအလျောက်မောင်းနှင်နိုင် သည့် မော်တော်ကားကို သရုပ်ပြမောင်းနှင်မည်ဖြစ်ကြောင်း သိရသည်။

(တိုကျို)

No comments:

Post a Comment