Saturday, October 3, 2015

လွိုင်လင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းနှင့် ဘိန်းဖြူ၊ ဘိန်းမဲများသိမ်းဆည်းရမိ



The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၂

မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁ ရက်က လွိုင်လင်- ပင်လုံသွားကားလမ်းရှိ လမ်း အသုံးပြုခကောက်ခံရေးစခန်းတွင် ကျော်မြင့် (ခ) ကျန်းတာဟူ မောင်းနှင်ပြီး နေမျိုးခိုင်(ခ) ဝမ်ချင်ဖျင်း လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝဝဝ၊ ဘိန်းညိုမှုန့် ၄ ကီလို၊ ဘိန်းဖြူ ၄ ဒသမ ၂ ကီလို နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်က ဆီဆိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စံကားကျေးရွာမှ ဆီဆိုင်မြို့သို့ အစ (ခ) သက်သက်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြားသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(ကြေးမုံ)

No comments:

Post a Comment