Saturday, October 3, 2015

၂ဝ၁၅ ခုနှစ်အတွင်း ကျန်ရှိနေသော ဖျော်ဖြေပွဲအားလုံးကို ကယ်လီကလာ့ခ်ဆန် ဖျက်သိမ်း




The Mirror Daily's photo.


အမေရိကန်အဆိုတော်တစ်ဦးဖြစ်သည့် ကယ်လီကလာ့ခ်ဆန်သည် ပြန်ဆိုတေးသီချင်းများ ဖြင့် ပရိသတ်အခိုင်အမာရရှိထားပြီး လတ်တလော တွင်သူက ၂ဝ၁၅ခုနှစ်အတွင်းဖျော်ဖြေရန်ကျန်ရှိနေသေးသော သူ၏နယ်လှည့်ဖျော်ဖြေပွဲအားလုံး ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အီးအွန်လိုင်း ဒေါ့ကွန်းက ဖော်ပြခဲ့သည်။

''Stronger''တေးသီချင်း၏ အဆိုတော် ကလာ့ခ်ဆန်က''၂ဝ၁၅ Piece by Piece}''ဟု အမည်ပေးထားပြီး ကနေဒါနိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့တွင် ဖျော်ဖြေသွားရန်စီစဉ်ထားသော သူ၏နယ်လှည့်ဖျော်ဖြေပွဲအားလုံးကို ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ပြောကြားခဲ့သည်။

ရုတ်တရက်ဖျော်ဖြေပွဲရပ်နားလိုက်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ကလာ့ခ်ဆန်က သူ၏ လူမှုကွန်ရက်မီဒီယာတစ်ခုပေါ်တွင် အသံပိုင်း ဆိုင်ရာကျန်းမာရေးပြဿနာကြောင့် ဆရာဝန်က ယခုနှစ်ကုန်သည်အထိအနားယူသွားရန်ညွှန်ကြားထားသဖြင့် အနားယူ ရခြင်းဖြစ်ကြောင်းနှင့် ပရိသတ်များကိုလည်း တောင်းပန်ပါကြောင်း ရေးသားဖော်ပြခဲ့သည်။

ကလာ့ခ်ဆန်က ''ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေအားလုံးကို ဖျက်သိမ်း ခဲ့ရတဲ့အတွက် စောင့်မျှော်နေခဲ့ရတဲ့ ကျွန်မရဲ့ ပရိသတ်ကြီးကို တကယ်ကိုတောင်းပန်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ကနေဒါနဲ့ အင်္ဂလန်က ပရိသတ်တွေနဲ့ တွေ့ရမယ့်နေ့ကို စောင့်မျှော်နေခဲ့တာ။ ဒါပေမယ့် မမျှော်လင့်ဘဲ ဆရာဝန်က အနားယူခိုင်းတော့ အစီအစဉ်တွေ ပျက်ခဲ့ရတယ်။ တတ်နိုင်သမျှ မြန်မြန်နေကောင်းလာဖို့ ကျွန်မ ကြိုးစားနေပါတယ်''ဟု ပြောကြားခဲ့သည်။

အချို့သော ပရိသတ်များကလည်း ကလာ့ခ်ဆန်သည် လတ်တလောတွင် ရင်သွေးလေးကို လွယ်ထားရသည်ဖြစ်ရာ မိမိရင်သွေးလေးကို ဂရုစိုက်လိုသည့်အတွက် ဖျော်ဖြေပွဲများကို ဖျက်သိမ်း ခဲ့ခြင်းဖြစ်ကြောင်း ထင်ကြေးပေးကြသည်။ ယခု လွယ်ထားရသည့် ရင်သွေးလေးမှာ ကလာ့ခ်ဆန် ၏ ဒုတိယမြောက်ရင်သွေးဖြစ်ကာသူ့တွင် အသက် တစ်နှစ်အရွယ်သမီးကလေး ရေးဗား ရို့စ်လည်း ရှိသည်။
အေးပြည့်စုစည်းသည်

No comments:

Post a Comment