Saturday, October 3, 2015

စကားလက်ဂျိုဟန်စန် နှင့် ရိုမိန်းဒေါရီရက်ခ် တို့၏ မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပ



The Mirror Daily's photo.


ဟောလိဝုဒ်အကျော်အမော် မင်းသမီး စကားလက်ဂျိုဟန်စန်နှင့် ခင်ပွန်းဖြစ်သူ ရုပ်ရှင်မင်းသား ရိုမိန်းဒေါရီရက်ခ်တို့၏ အောက်တိုဘာ ၁ရက်တွင် ကျရောက်ခဲ့သော တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းတွင် ဖော်ပြခဲ့သည်။

အသက်(၃ဝ)အရွယ် မင်းသမီးနှင့် ပြင်သစ်မင်းသားတို့နှစ်ဦးသည် ပြီးခဲ့သည့် ၂ဝ၁၄ခုနှစ် အောက်တိုဘာလက လျှို့ဝှက်လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် သူတို့၏ တက်တူးပညာရှင် က မိတ်ဆက်ပေးခဲ့၍ စတင်သိကျွမ်းခဲ့ကြ ပြီး ၂ဝ၁၂ခုနှစ်တွင် ချစ်သူများ ဖြစ်ခဲ့ကြသည်။ ချစ်သူ သက်တမ်းတစ်နှစ်ခန့်အကြာတွင် တရားဝင်စေ့စပ် ကြောင်းလမ်းခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော ရုပ်သံအင်တာ ဗျူးတစ်ခုတွင် ဂျိုဟန်စန်က သူ့အနေဖြင့် ခင်ပွန်း ဖြစ်သူနှင့် ပြောဆိုသည့် ဘာသာစကားမတူညီ သည့်အတွက် ပြင်သစ်ဘာသာကို သင်ယူနေ ကြောင်း၊ သို့သော်နှစ်ဦးသားစကားနိုင်လုသောအချိန်တွင် အနိုင်ရစေရန် ပိုမိုကျွမ်းကျင်သော အင်္ဂလိပ် စကားကို ပြောဆိုရသည်ကို ပိုမိုနှစ်သက်ကြောင်း ဆိုခဲ့သည်။
အေးပြည့်စုစည်းသည်

No comments:

Post a Comment