Saturday, October 3, 2015

တိုက်တန်းနစ်သင်္ဘောမှ နောက်ဆုံးနေ့လယ်စာမီနူး အွန်လိုင်းလေလံမှ တစ်ဆင့် ကန်ဒေါ်လာ ၈၈၀၀၀ ဖြင့် ရောင်းချ



The Mirror Daily's photo.
နယူးယောက် အောက်တိုဘာ ၂

ကံမကောင်းစွာဖြင့်နစ်မြုပ်ခဲ့ရသော တိုက်တန်းနစ်သင်္ဘောပေါ်ရှိ ပထမတန်းခရီးသည်များအတွက် နေ့လယ်စာစားသောက်ဖွယ်စာရင်းကို အွန်လိုင်းလေလံတစ်ခု၌ အမေရိကန်ဒေါ်လာ ၈၈ဝဝဝ ဖြင့် ရောင်းချ လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပထမတန်းခရီးသည်တစ်ဦးဖြစ်ပြီး ငွေကြေးကြွယ်ဝသူများဖြင့် ပြည့်နှက်နေသော ''ငွေကြေးလှေ'' ဟု ခေါ်ဆိုသည့် အသက်ကယ်လှေတစ်စင်းဖြင့် လွတ်မြောက်လာသူများအနက်တစ်ဦးဖြစ်သူ အေဘရာဟမ်လင်ကွန်းဆော်မွန် ဆိုသူ သိမ်းဆည်းထားသော ယင်းစားသောက်ဖွယ်ရာစာရင်းကို ပုဂ္ဂလိကစုဆောင်းသူတစ်ဦးထံ ရောင်းချလိုက်ပြီး ဈေးနှုန်းမှာ မရောင်းချမီကြိုတင်ခန့်မှန်းထားသည့် အတိုင်းရရှိခဲ့သည်ဟု လေလံကုမ္ပဏီ Lion Heart Autographs က ပြောကြားသည်။

အဆိုပါစားသောက်ဖွယ်ရာစာရင်းမှာ သင်္ဘောပေါ်မှတွေ့ရှိခဲ့သော ယခုတိုင်ရှိနေသေးသည့် စားသောက်ဖွယ်ရာ စာရင်းသုံးခု သို့မဟုတ် လေးခုအနက်တစ်ခုဟုယုံကြည်ရပြီး အသက်ကယ်လှေဖြင့် လွတ်မြောက်ခဲ့သူများအနက် တစ်ဦး၏သားစဉ်မြေးဆက်တစ်ဦးက ပေးခဲ့သည်ဆိုသော တိုက်တန်းနစ်သင်္ဘောမှပစ္စည်းအချို့ကို မည်သူမည်ဝါ မသိရသူတစ်ဦးက ရောင်းချရန်အတွက် ပေးခဲ့ခြင်းဖြစ်သည်။

၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့စွဲဖြင့် White Star သင်္ဘောလိုင်းလိုဂိုတံဆိပ်ကပ်ထားသည့် အဆိုပါ စားသောက်ဖွယ်ရာစာရင်းတွင် ကြက်ဥပူတင်း၊ ပြောင်းဖူးဖြင့်ချက်ထားသည့်အမဲသား၊ အာလူး၊ ဝက်ပေါင်ခြောက်နှင့် ဒိန်ခဲ စသည့် စားသောက်ဖွယ်ရာများ ပါဝင်ခဲ့သည်။ ဇိမ်ခံသင်္ဘောတိုက်တန်းနစ်မှာ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန် မြို့မှ နယူးယောက်မြို့သို့ မောင်းနှင်သည့်ပထဦးဆုံးခရီးစဉ်အတွင်း ရေခဲတောင်တစ်လုံးနှင့် တိုက်မိပြီးနောက် ၁၉၁၂ ခုနှစ် ဧပြီ ၁၅ ရက်တွင် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ၁၅ဝဝ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။
ရိုက်တာ။

No comments:

Post a Comment