Saturday, October 3, 2015

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်း ၃၃ ၂၉ဝ ဒသမ ၅ ၆ တန် ပြည်ပသို့တင်ပို့နိုင်ခဲ့



The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၂

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ (၇)ကြိမ်မြောက် မီဒီယာရှင်းလင်းပွဲကို နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ရှင်းလင်းခဲ့သည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာ၏ အနောက်ဘက် ထီးသဲကူးကျေးရွာ၌ ကြက်အကောင် ၂ဝဝ မွေးမြူထားရာ ဇွန်လမှစဖြစ်ပွားခဲ့သည့် သံသယဖြစ်ဖွယ် ကြက်လည်လိမ်ရောဂါကို စက်တင်ဘာ ၁၁ ရက်က ကွင်းဆင်းစစ်ဆေးကာ တောင်သူများအား အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး (I2) မျက်စဉ်းဆေး ပြန်လည်၍အခမဲ့ထုတ်လုပ်ကာ တောင်သူများအား ပညာပေးခြင်းများဖြင့် ကြက်၊ ဘဲ ရောဂါ ကာကွယ်ရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု (၇)ကြိမ်ရှိခဲ့ရာ ရောဂါထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ဖြစ်ပွားမှုများ တွေ့ရှိက မြို့နယ်ဦးစီးဌာနရုံးများသို့ အကြောင်းကြား အကူအညီတောင်းခံနိုင်ကြောင်း၊ ရေထွက်ပစ္စည်း၊ ပြည်ပတင်ပို့ခြင်းဆိုင်ရာဆောင်ရွက် ချက်များမှ ပြည်တွင်းစားသုံးမှု ဖူလုံစေရန် မြန်မာပြည်အနှံ့ တောင်ပေါ်ဒေသများသို့ပင် တင်ပို့နိုင်ခဲ့သည့်အတွက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန် ၃၇၈၄၅ ဒသမ ၆၈၉ တန် ပြည်ပတင်ပို့ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ် တို့တွင် အအေးခန်းသိုလှောင်ရုံ ၁၁၆ ရုံ၊ ကဏန်းပျော့စက်ရုံ နှစ်ရုံရှိလာပြီး ပြည်တွင်းးသုံးမှုများလာသဖြင့် မက်ထ ရစ်တန်ချိန် ၃၃၈၂၉ဝ ဒသမ ၅၈၆ တန် ပြည်ပသို့ တင်ပို့နိုင်ခဲ့၍ အနည်းငယ်လျော့နည်းခဲ့ကြောင်း အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က ရှင်းလင်းပြောကြားသည်။

ကျေးလက်ဒေသများတွင် လမ်း၊တံတားနှင့်ပတ်သက် ၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း တံတားအရှည် ၂၁၅၂၇၆ ပေအထိ တည်ဆောက်နေကြောင်း၊ ရေပေးဝေ ရေးကဏ္ဍတွင် ရေရရှိရေးလုပ်ငန်း ၁၃၉၃၅ ခုဖြင့် ကျေးရွာပေါင်း ၁၂၇၅၁ ရွာအတွက် ဆောင်ရွက်နေကြောင်း၊ မီးလင်းရေးလုပ်ငန်းပေါင်း ၃၆၅၆၅ဝ ခုဖြင့် ၄၈၄ဝ ရွာအတွက်လည်းကောင်း တစ်နိုင်ငံလုံး မီးရရှိရေး စီမံချက်(NEP)နှင့်အညီ (Solar Home System) ဖြင့် ဝေးလံဒေသများမှစတင်ပြီး (Off-Grid System) လိုင်းပြင်ပ ဆောင်ရွက်ခြင်း၊ Micro HydroPower၊ ဇီဝဓာတ်ငွေ့နှင့် အသေးစားရေအားလျှပ်စစ်စနစ်တို့ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ကျေးလက်အိမ်ရာ ဆောင်ရွက်ထားရှိမှုကို ပြီးခဲ့သည့်နှစ်က ၅၄၃ ရွာတွင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ရွာပေါင်း ၄၁၁ ရွာတွင် ဆောင်ရွက်ရန် လျာထားကြောင်း၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Consortium of Development Partners ကို အဖွဲ့ပေါင်း ၃၂ ဖွဲ့ဖြင့် ကျေးလက်မီးလင်းရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအား USD ၆၉၉ ဒသမ ၉၉၁၁ သန်းနှင့်ယူရို ၂၇ သန်း ကုန်ကျခံ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်းများ ပန်းရန်သင်တန်း၊ အပ်ချုပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ဇီဝသဲရေအိုးပြုလုပ်နည်းသင်တန်း များ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း သင်တန်းများဖွင့်လှစ် ပေးခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေကျပ် ၂၃၉၄ သန်းဖြင့် ဆက်လက်ဖွင့်လှစ်ရန်ဆောင်ရွက်နေ ကြောင်း။

သဘာဝဘေးသင့်ဒေသများ၌ ပျက်စီးဆုံးရှုံးမှုများကို ထောက်ပံ့ပေးအပ်လျက်ရှိပြီး ပျက်စီးဆုံးရှုံးခဲ့သည့် ငါးအင်းလေးအင်းနှင့် ဌာနပိုင်အဆောက်အအုံ ဝန်ထမ်း နေအိမ်များအပါအဝင် နေအိမ်နှင့် အဆောက်အအုံများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေကြောင်း၊ ခိုင်းကျွဲ၊ နွား၊ ပျား၊ ငါးကန်နှင့် ကြက်၊ ဝက်၊ ဆိတ်၊ မြင်း ငါးဖမ်းရေယာဉ်များ၊ တိရစ္ဆာန်မွေးမြူရေးပစ္စည်းများ ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ပေးရန် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ ထောက်ပံ့မှုများ၊ ငါးသားပေါက်နှင့် ကြက်၊ ဘဲများ ဖြန့်ဖြူးရောင်းချခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ဌာနပိုင် ရုံးအဆောက်အအုံ ၂၇ လုံးနှင့် သုတေသန အင်းလေးအင်းမှ ငါးများဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ၁၁၆ ဒသမ ၈၄ဝ သန်း၊ သဘာဝဘေးသင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုမှ ဝန်ထမ်းနေအိမ်ပေါင်း ၃၁ လုံး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် ၃၃ ဒသမ ၃၅ဝ၊ တိရစ္ဆာန်နှင့် မွေးမြူရေး ပစ္စည်းများပျက်စီးမှု ခန့်မှန်းတန်ဖိုး ကျပ် ၄၁၄၈ဝ ဒသမ ဝ၄၅ သန်းခန့်ရှိကြောင်း။

အမျိုးသားစီမံခန့်ခွဲမှုကော်မတီသို့ ၄၈၆၈၄ ဒသမ ဝဝ၇ သန်း၊ နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေမှ ကျပ် ၅၁၅၃ ဒသမ ၉၇၅ သန်းအား လည်းကောင်း တင်ပြ တောင်းခံထားပြီး အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့် ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment