Thursday, October 29, 2015

လမ်းခွဲလိုက်ပြန်ပြီ ဆိုတဲ့ အမ်မာစတုန်းနဲ့ အန်ဒရူးဂါးဖီးဒ်





ဟောလိဝုဒ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ မင်းသမီးအမ်မာစတုန်းနဲ့ မင်းသား အန်ဒရူးဂါးဖီးဒ်တို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းဟာ တစ်ကယ်ပဲအဆုံးသတ်သွားပြီ လို့ ဒေသခံမီဒီယာတွေက ထုတ်ဖော်ရေးသားလာခဲ့ကြပါတယ်။ အရင်ကလည်း လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလာဟလတွေထွက်ခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ကယ်ပဲ လမ်းခွဲခဲ့တာဖြစ်တယ်လို့MTV Newsက ရေးသားဖော်ပြခဲ့ပါတယ်။
ပင့်ကူလူသားရုပ်ရှင်ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတဲ့ သူတို့နှစ်ဦးကို ဟောလိဝုဒ်ရဲ့လမ်းတွေပေါ်မှာ အတူတွဲမတွေ့ရတော့သည်မှာ လည်း အတော်ကြာခဲ့ပြီဖြစ်ပါတယ်။
သူတို့နှစ်ဦးသည် ချစ်သူများအဖြစ်လေးနှစ်တာကာလအထိ အတူလက်တွဲ ခဲ့ကြပြီး ယခုနှစ်အစပိုင်းတွင် သူတို့ရဲ့ များပြားလှသည့် အနုပညာလှုပ်ရှားမှုများ ကြောင့် တစ်ဦးနှင့်တစ်ဦးအချိန်မပေးနိုင်ဘဲ လမ်းခွဲခဲ့ပြီဆိုသည့် ကောလာဟလ များထွက်သည်အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မေလက နှစ်ယောက် အတူ တွဲရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မီဒီယာစာမျက်နှာပေါ်မှာ ထပ်မံတွေ့ရှိ ခဲ့ရပြီး သူတို့၏အချစ်ဇာတ်လမ်းလည်း ဆက်ခဲ့ကြပါတယ်။ ယခုတစ်ကြိမ်မှာ တော့ သြဂုတ်လအတွင်းမှစတင်ကာ သူတို့နှစ်ဦးကို အတူတွဲမတွေ့ရတော့ပါဘူး။
အဆိုပါလမ်းခွဲခဲ့သည့်သတင်းနှင့်ပတ်သက်ပြီး သူတို့နှစ်ဦးရဲ့ မိတ်ဆွေ တွေကမူ လမ်းခွဲခဲ့သည်မှာ သေချာကြောင်း ပြောဆိုခဲ့ကြသော်လည်း ကာယ ကံရှင်များကိုယ်တိုင်ကမူ ယနေ့အချိန်အထိ တစ်ခွန်းမျှ ထုတ်ဖော်ပြော ကြား ခြင်းမရှိသေးပေ။
လတ်တလောမှာ သူတို့နှစ်ဦးဟာ တစ်ယောက်တစ်နေရာစီမှာ အနုပညာ လှုပ်ရှားမှုများအသီးသီးလုပ်ကိုင်လျက်ရှိပါတယ်။ အန်ဒရူးဟာ ထိုင်ဝမ်သို့ သွားရောက်ကာ “Silence”ရုပ်ရှင်ကို ရိုက်ကူးလျက်ရှိပြီး အမ်မာကမူ သူရဲ့ နွေရာသီနေ့ရက်များကို လော့စ်အိန်ဂျလိစ်မှာပဲ အချစ်နှင့် ဂီတရုပ်ရှင် ''La La Land''ကို ရိုက်ကူးရင်း ကုန်ဆုံးလျက်ရှိပါတယ်။

No comments:

Post a Comment