Friday, October 2, 2015

အေးသာယာနှင့် ကျောက္ကာကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် နေအိမ်များစတင်ဆောက်လုပ်




The Mirror Daily's photo.


ကလေး အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ နှင့် သြဂုတ်လများက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေ၊မြောင်း ရေများလျှံတက်ကာ ကလေးမြို့နယ် အတွင်း၌ လယ်ယာမြေ၊ အိုးအိမ်နှင့် အခြားကြီးမားသော ပျက်စီးဆုံးရှုံးမှု များ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး စေတနာ ရှင် အလှူရှင်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ၏ ထောက်ပံ့မှုများ ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ အေးသာယာကျေးရွာနှင့် ကျောက္ကာ ကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူ များအတွက် နေအိမ်များ စတင်ဆောက် လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ် ကျောက္ကာ ကျေးရွာတွင် ပျက်စီးသွားသည့် အိမ်များအစား နေအိမ်အလုံး ၁ဝ၁ လုံး ဆောက်လုပ်ရန် လျာထားရာမှ ယခုအခါ ဆန်းသစ်စဦး၊ အောင်မိုးမြေ၊ ဘုန်းမြတ်ဖြိုး၊ ပန်းမွန်၊Holy Land နှင့်Myanmar Land ကုမ္ပဏီတို့က တာဝန်ယူကာ Type B တွင် အမိုးမိုးပြီး အိမ်ခြေ ၂၆ လုံး၊ တိုင်ထူ တန်းထိုး သုံးလုံး၊ ကျင်တွယ်စိုက် သုံးလုံးတို့နှင့် Type A တွင် အမိုးမိုးပြီး နှစ်လုံး၊ တိုင်ထူခုနစ်လုံးနှင့် ကျင်တွယ်စိုက် နှစ်လုံးတို့အား ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အေးသာယာကျေးရွာ တွင် အိမ်အလုံး ၃၆ လုံး ဆောက်လုပ် ပေးရန် လျာထားရာမှ ယခုအချိန်တွင် တိုင်ထူတန်းထိုး ရှစ်လုံးနှင့် ကျင်တွယ် စိုက်ခုနစ်လုံးတို့အား တောင်ဇလပ် ကုမ္ပဏီက စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။

ကလေးဒေသ ရေကြီးရေလျှံမှု ကြောင့် ရပ်ကွက်နှင့်ကျေးရွာ ၆၈ ရွာမှ ကျေးရွာသစ်ပြန်လည်ထူထောင် ရေးနှင့် နေအိမ်ဆောက်လုပ်ပေးရေး အတွက် စုစုပေါင်း အိမ် ၃၅၈ လုံး ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ချင်းတွင်းသား)

No comments:

Post a Comment