Friday, October 2, 2015

ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ မန္တလေးမြို့သို့လာရောက်လေ့လာ





The Mirror Daily's photo.



မန္တလေး အောက်တိုဘာ ၁

ရွေးကောက်ပွဲအလွန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်သူ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်လေ့လာရာ အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီက မန္တလေးမြို့ရှိ ချမ်းမြသာစည် မြို့နယ် မင်္ဂလာမန္တလေးစီမံကိန်းအား စိတ်ဝင်တစား လေ့လာခဲ့ကြကြောင်းသိရသည်။

မင်္ဂလာမန္တလေး စီမံကိန်းတာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုကြပြီး စီမံကိန်းအတွင်းလှည့်လည်ပြသကာ စီမံကိန်း ရှင်းလင်းဆောင်၌ မန္တလေးမြို့တွင် အကောင်အထည် ဖော်ဆဲစီမံကိန်းများကို ရှင်းလင်းပြသသည်။

ထို့နောက် မြို့သာစက်မှုဥယျာဉ်စီမံကိန်းသို့ ဆက်လက်လေ့လာကြကြောင်းသိရသည်။
နိုင်ငံတကာလေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်နှင့် မြန်မာဈေးကွက်သုတေသနဖွံ့ဖြိုးရေး အဖွဲ့တို့ ပူးပေါင်းဖိတ်ကြားစီစဉ်ခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေး ကဏ္ဍနယ်ပယ်စုံကို လေ့လာနိုင်ရန်နှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် မြန်မာနိုင်ငံသို့ ရင်းနှီးမှုများ ပိုမို ဝင်ရောက်လာစေရန် ရည်ရွယ်သည်။

''အဆိုပါ နိုင်ငံတကာလေ့လာရေးအဖွဲ့တွင် ဂျပန်၊ တရုတ်၊ အမေရိကန်၊ အင်္ဂလန်၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘရူနိုင်း၊ ဂျာမနီ၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ကိုရီးယား၊ ပြင်သစ်၊ သြစတေးလျ၊ လစ်သူရေးနီးယား စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အဖွဲ့ဝင် ၁ဝ၇ ဦး စီးပွားရေး နယ်ပယ်စုံမှ လုပ်ငန်းရှင် ၁ဝ၇ ဦး လာရောက်လေ့လာကြ ကြောင်းသိရသည်။
(ဝဝ၂)

No comments:

Post a Comment