Friday, October 2, 2015

အင်္ဂလန်အသင်း၏ ကစားသမားစာရင်းတွင် စတားရစ် ပါဝင်လာခဲ့ခြင်းမရှိခဲ့




The Mirror Daily's photo.
ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး စတားရစ်သည် အက်စ်တိုးနီးယားအသင်း၊ လစ်သူရေးနီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်အသင်း၏ ယူရို ၂ဝ၁၆ ဝင်ခွင့်ပြိုင်ပွဲတွင် ပါဝင် လာမည် မဟုတ်ကြောင်းသိရသည်။

သို့ရာတွင် စပါးကွင်းလယ်ကစားသမား ဒီလီအယ်လ်လီနှင့် လီဗာပူးတိုက်စစ်မှူး ဒန်နီအင့်တို့မှာမူ အင်္ဂလန်အသင်း နှင့်အတူ ပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။ လီဗာပူး တိုက်စစ်မှူး စတားရစ်မှာမူ လီဗာပူးအသင်းက အက်စ်တွန်ဗီလာအသင်းအား သုံးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အင်္ဂလန် အသင်း၏ ပွဲထွက်ကစားသမားစာရင်းတွင် မပါဝင်လာ ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အက်စ်တွန်ဗီလာကွင်းလယ်ကစားသမား ဂရီးလစ်ရှ်မှာမူ အိုင်ယာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင်ပါဝင်လာခဲ့သော်လည်း အင်္ဂလန်အသင်း၏ အက်စ်တိုးနီးယားအသင်း၊ လစ်သူရေးနီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များတွင် ပါဝင်လာရန်မသေချာ ခဲ့ကြောင်း သိရသည်။ သို့သော် အင်္ဂလန်အသင်းသည် ပြင်သစ်မြေတွင် ယှဉ်ပြိုင်ကစားမည့် ယူရို ၂ဝ၁၆ ပွဲစဉ်တွင် ပါဝင်လာရန် သေချာခဲ့ပြီဖြစ်သည်။
[ငွေကြယ်]

No comments:

Post a Comment