Friday, October 2, 2015

ရီးယဲလ်နဲ့ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ စီရိုနယ်လ်ဒို




The Mirror Daily's photo.


စီရိုနယ်လ်ဒိုဟာ ရီးယဲလ်က မယ်လ်မိုကိုနှစ်ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူခဲ့ပြီးနောက် ရီးယဲလ်အတွက် စုစုပေါင်း သွင်းဂိုး ၃၂၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရာအူးလ်ဂွန်ဇာလက်ဇ်ရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ စီရိုနယ်လ်ဒိုက သူ့အနေနဲ့ ဒီလို ရာအူးလ် တင်ထားတဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့တဲ့အပေါ် အင်မတန်ဂုဏ်ယူမိသလို နောက်ထပ် မြောက်မြားစွာသော သူ့ရဲ့သွင်းဂိုးတွေနဲ့ ရီးယဲလ်ကို အလုပ်အကျွေးပြုဦးမယ်လို့လည်း ကတိပြုပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် အနေနဲ့ ဒီပွဲမတိုင်မီယှဉ်ပြိုင်ခဲ့တဲ့ မာလာဂါနဲ့ ပွဲမှာကတည်းက ရာအူးလ်ရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ အခွင့်အရေးတွေ အများအပြားရခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်ဖို့သာ စိတ်စောနေလို့ ဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ဖြစ်ခဲ့ရတာပါ။

စီရိုနယ်လ်ဒိုက ပွဲချိန်၂၉ မိနစ်မှာ အစ္စကိုရဲ့ပေးပို့မှုကနေတစ်ဆင့် ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး မိနစ် ၉ဝ အရောက်မှာတော့ ရာအူးလ်ရဲ့ စံချိန်ကိုလိုက်မီနိုင်မယ့် သွင်းဂိုး တစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ ရာအူးလ်ဟာ ပွဲပေါင်း ၇၄၁ ပွဲကစားပြီးချိန်မှ ရရှိတဲ့ စံချိန်ကို စီရိုနယ်လ်ဒိုက ၃ဝ၈ပွဲကစားရုံနဲ့ ချိုးဖျက်နိုင်တာကြောင့် စီရိုနယ်လ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ရာအူးလ်ထက် နှစ်ဆခွဲလောက်သာတယ်လို့ အားကစားကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပေးထားပါတယ်။

စီရိုနယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ်ကပဲ ရာအူးလ် တင်ထားတဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၆၆ ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီးနောက်မှာ အခုဆို သူ့ရဲ့ ချန်ပီယံ လိဂ်သွင်းဂိုးက ၈၂ ဂိုးအထိရှိနေပြီဖြစ်တဲ့အတွက် မက်ဆီထက် ငါးဂိုးအသာနဲ့ ချန်ပီယံလိဂ်ထာဝရ သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ်ရပ်တည် နေပါတယ်။
မေလဲ့သင်း

No comments:

Post a Comment