Friday, October 2, 2015

မကွေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်၊ ဓာတ်တိုင်များ လဲပြိုမှုဖြစ်ပွား



The Mirror Daily's photo.



မကွေး အောက်တိုဘာ ၁

မကွေးမြို့တွင် စက်တင်ဘာ ၃ဝရက် ညပိုင်းက လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းမှုကြောင့် မကွေးမြို့ပေါ်တွင် သစ်ပင်များလဲပြိုမှုများ ဖြစ်ပွားခဲ့ ပြီး လျှပ်စစ်မီးများ ပြတ်တောက်မှုများဖြစ်ပွားခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်ပြီး မိုးများရွာသွန်းခြင်းကြောင့် လဲပြိုကျနေ သည့် သစ်ပင်များအား မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များက အဖွဲ့ နှစ်ဖွဲ့ခွဲ၍ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပိတ်ဆို့မှုများအား ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။ သစ်ပင်များပြိုလဲမှုကြောင့် လမ်းမီးတိုင် သုံးတိုင်ခန့် လဲပြိုခဲ့ပြီး လျှပ်စစ်မီးများပြတ်တောက်နေမှုအား မကွေးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနက လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ညီညီမောင်(မကွေး)

No comments:

Post a Comment