Friday, October 2, 2015

တူးမြောင်းဖြတ်ကျော် သံကူကွန်ကရစ်တံတား ထန်းတပင်မြို့နယ်တွင် တည်ဆောက်နေ



The Mirror Daily's photo.


ရန်ကုန် အောက်တိုဘာ ၁

ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် အနောက်ပိုင်တက္ကသိုလ်လမ်းမကြီးပေါ်ရှိ တူးမြောင်းဖြတ်ကျော် သံကူကွန်ကရစ်တံတားအား စက်တင်ဘာ ၂၉ ရက်ကလူအင်အား၊ စက်အင်အားဖြင့် ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါတံတားများ တည်ဆောက်ရာတွင် မူလရှိသည့် သစ်သားတံတားလေးစင်းဖြစ်၍ ယိုယွင်းပျက်စီးသွားခဲ့ရာ တာဝန်ရှိသူများနှင့် ဒေသခံများက သစ်သားအစားထိုးပြုပြင်ခဲ့ကြသော်လည်း ရေရှည်တည်တံ့ခိုင်မြဲမှုမရှိခြင်းကြောင့် တံတားလေးစင်းရှိသည့်အနက် တံတားနှစ်စင်း အား သံကူကွန်ကရစ်တံတားကြီးအဖြစ် တည်ဆောက်ပြီး စီးခဲ့သည်။

ကျန်ရှိသည့် တံတားနှစ်စင်းအား လက်ရှိပြုလုပ်လျက်ရှိရာ မြို့နယ်အသီးသီးတွင် နေထိုင်လျက်ရှိသော အများ ပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး၊ လွယ်ကူချောမွေ့စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်ညွှန်ကြားမှုဖြင့် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ဦးစီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်တစ်မြို့နယ်လုံးရှိ ချောင်းကူ၊မြောင်းကူး၊ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီအမြန်ဆုံးပြီးစီးရန် ဆောင်ရွက် လျက်ရှိပြီး နှစ်ရှည်တည်တံ့ခိုင်ခံ့ စွမ်းရည်မြင့် သံကူကွန် ကရစ်တံတားအဖြစ် ရေရှည်အသုံးပြုနိုင်စေရန် မြို့တော်စည်ပင်မှ တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း တာဝန်ရှိ သူများ၏ ပြောပြချက်အရ သိရသည်။
စိုင်းလင်းဇော်(လှိုင်သာယာ)

No comments:

Post a Comment