Saturday, October 3, 2015

ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးခံဒေသများအတွက် ကွန်ပေါင်းဓာတ်မြေသြဇာအိတ်များ ပေးအပ်လှူဒါန်း




The Mirror Daily's photo.


ဘားအံ အောက်တိုဘာ ၂

ကရင်ပြည်နယ်တွင် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့အတွင်း ရေကြီးမှုများ ကြောင့် ထိခိုက်လယ်ဧကများအတွက် ကွန်ပေါင်းဓာတ်မြေသြဇာအိတ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးစောဝင်းထိန်က အမှာစကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပေးအပ်လှူဒါန်းပွဲ၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကာ အလှူရှင်အဖွဲ့ ကိုယ်စားလှယ်က လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ခေတ္တ ဝန်ကြီးချုပ်က ဘားအံမြို့နယ် ထိခိုက် လယ်မြေများအတွက် ဘားအံခရိုင် အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး က လှိုင်းဘွဲမြို့နယ် ထိခိုက်လယ်မြေများ အတွက် လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေး မှူးအားလည်းကောင်း ကွန်ပေါင်း ဓာတ်မြေသြဇာအိတ်များ ပေးအပ်သည်။

ရေကြီးနစ်မြုပ်၍ ထိခိုက်လယ်ဧက များအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဃဗီ(လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း) အနေဖြင့် ဘားအံမြို့နယ် ကျေးရွာ အုပ်စု ၁၁ စုမှ ထိခိုက်ဧက ၁၇၇ ဧက နှင့် လှိုင်းဘွဲမြို့နယ် ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ထိခိုက်ဧက ၂၂၅ ဧက တို့အတွက် ကာလတန်ဖိုး ၅၆ သိန်း ခန့်ရှိ ကွန်ပေါင်းဓာတ်မြေသြဇာ အိတ် ၁၅ဝ ထောက်ပံ့လှူဒါန်းခဲ့သည်။

ယခုနှစ် ကရင်ပြည်နယ်တွင် စိုက်ပျိုးပြီးမိုးစပါးဧက ၁၁၆၂ ဧက ရေလွှမ်းခဲ့ပြီး ၆၁၆ ဧကထိခိုက်၍ ၇၄ ဧက ပျက်စီးခဲ့ကြောင်း၊ ထိခိုက် ဧကများအတွက် ယူရီးယား၊ ပိုတက်၊ တောင်သုံးလုံး သဘာဝမြေသြဇာ၊ ကောမတ်ရွက်ဖျန်းမြေသြဇာ၊ ပိုးသတ် ဆေး(ဒါနာဒင်)စသည်တို့နှင့် ပျက်စီး လယ်မြေများအတွက် တစ်ဧကလျှင် မျိုးစပါး တစ်တင်းနှုန်း၊ ယူရီးယားနှင့် ပိုတက်ဓာတ်မြေသြဇာများကို ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ကြောင်း၊ ပျက်စီး လယ်မြေများ ပြန်လည်စိုက်ပျိုးပြီး ကြောင်းနှင့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျေးရွာအုပ်စု များတွင် ပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ တောင်သူပညာပေးဟောပြော ပွဲများကိုလည်း (၁၆)ကြိမ်ခန့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment