Thursday, October 29, 2015

ပါရီရာသီဥတုပြောင်းလဲမှုဆွေးနွေးပွဲသို့ ကမ္ဘာ့ခေါင်းဆောင် ၈ဝ တက်ရောက်မည်



The Mirror Daily's photo.


ပါရီ အောက်တိုဘာ ၂၈

ပြင်သစ်နိုင်ငံ ပါရီမြို့တော်၌ကျင်းပမည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင် ၈ဝ တက်ရောက်မည်ဖြစ်ကြောင်း၊ တက်ရောက်မည့် သူများတွင် ကမ္ဘာ့အဓိကဓာတ်ငွေ့ ထုတ်လွှတ်သည့်နိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံမှအကြီးအကဲများ ပါဝင်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖေဘီရပ်စ်က ပြောကြားသည်။

အဆိုပါညီလာခံကို နိုဝင်ဘာ ၃ဝ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ်ပြီးနောက် ကျိုတိုသဘောတူညီချက်ကို အစားထိုးရန်အတွက် ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ မူဘောင်သစ် တစ်ရပ်အပေါ် သဘောတူညီမှုရရှိရန် ရည်ရွယ်သည်ဟု သိရသည်။ အမေရိကန်သမ္မတ အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အပါအဝင် ဖွင့်ပွဲတက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များအား ဖိတ်ကြားမှုများနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံက အပြုသဘောဆောင်သောတုံ့ပြန်မှု ၈ဝ ခု ရရှိထားကြောင်း ဖေဘီရပ်စ်ကဆိုသည်။ ပြင်သစ်နိုင်ငံသည် အစည်းအဝေးပထမနေ့ တက်ရောက် ရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များအားဖိတ်ကြားရန် ဆုံးဖြတ်ထားကြောင်း၊ အဘယ်ကြောင့် ဆိုသော် အစည်းအဝေးပထမနေ့မှာ နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ရာတွင် တိုးတက်မှုများ ရရှိရန် သေချာသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂ဝဝ၉ ခုနှစ် ကိုပင်ဟေဂင်ဥတုပြောင်းလဲမှုညီလာခံ၌ အစည်းအဝေးနောက်ဆုံးနေ့ တက်ရောက်ရန် နိုင်ငံ့ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ကြောင်း သူကသာဓကအဖြစ် ညွှန်းပြ လိုက်သည်။ ညီလာခံအဆုံးသတ်တွင် နိုင်ငံ့ခေါင်းဆောင်များက ပြဿနာများကိုဆွေးနွေးမည်ဟု မျှော်လင့်သောကြောင့် စေ့စပ်ညှိနှိုင်းသူများက အစည်းအဝေးပထမနေ့တွင် ပြည့်ပြည့်စုံစုံ မဆွေးနွေးခဲ့ကြကြောင်း သူကဆိုသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အဆိုပါ ညီလာခံ တက်ရောက်ရန် အပြီးသတ်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ယင်းညီလာခံသို့ အာဘေးတက်ရောက်ပါက ဂျပန်ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ခြောက်နှစ်အတွင်း ပထမဆုံး အကြိမ်တက်ရောက်မှု ဖြစ်လာမည်ဖြစ်သည်။
အန်အိတ်ခ်ျကေ။

No comments:

Post a Comment