Thursday, October 29, 2015

နီပေါကွန်မြူနစ်ပါတီဒုဥက္ကဋ္ဌ ဘစ်ရာဒီဗွီဘန်ဒါရီ နီပေါနိုင်ငံ၏ ပထမဆုံးသောအမျိုးသမီးသမ္မတဖြစ်လာ



The Mirror Daily's photo.


ခတ္တမန္ဒူ အောက်တိုဘာ ၂၈

နီပေါနိုင်ငံ၏ ပထမဆုံးသောအမျိုးသမီးသမ္မတအဖြစ်နီပေါကွန်မြူနစ်ပါတီဒုဥက္ကဋ္ဌ ဘစ်ရာဒီဗွီဘန်ဒါရီအား တင်မြှောက်လိုက်ကြောင်း နီပေါပါလီမန်က အောက်တိုဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

နှစ်ပေါင်း ၂၄ဝ ကြာအုပ်ချုပ်ခဲ့သည့် သက်ဦးဆံပိုင်ဘုရင် စနစ်ဖျက်သိမ်းပြီးနောက် ၂ဝဝ၈ ခုနှစ်တွင် ဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့သည့်အချိန်တွင် အသက် (၅၄)နှစ်အရွယ်ရှိ ဘစ်ရာဒီသည် နီပေါနိုင်ငံ၏ ဒုတိယမြောက် သမ္မတဖြစ်လာခဲ့သည်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂ဝ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့သည့် နီပေါနိုင်ငံ၏ အခြေခံဥပဒေအသစ်နှင့်အညီ ရွေးကောက်ပွဲတစ်ရပ်ကျင်းပခဲ့ရာ အမတ် ၅၄၁ နေရာတွင် ဘစ်ရာဒီ၏ပါတီက ၃၂၇ နေရာ ဆန္ဒမဲရရှိခဲ့ပြီး ပြိုင်ဘက်နီပေါ ကွန်ဂရက်ပါတီခေါင်းဆောင် ကူးဗဟာဒါ ဂူးရမ်က၂၁၄ နေရာ သာ ဆန္ဒမဲရရှိခဲ့သည်။

ဘစ်ရာဒီသည် ၂ဝဝ၈ ခုနှစ် ဇူလိုင် ၂၃ ရက်က သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ရမ်ဘာရမ် ရာဒက်ဗ်၏နေရာကို အစားထိုးဝင်ရောက်လာသူဖြစ်သည်။

ဘစ်ရာဒီသည် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး နီပေါနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ထဲတွင် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန် ထည့်သွင်းရေးဆွဲနိုင်ရေး အဆိုပြုတောင်းဆိုခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment