Saturday, October 3, 2015

လေပြင်းတိုက်ခတ်မှုကြောင့်ပြိုလဲသွားသော နှစ်ထပ်မဟာဓာတ်အားလိုင်း ပြန်လည်ပြုပြင်ပြီးစီး၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မုံရွာဒေသများအား လျှပ်စစ်ဓာတ်အားပုံမှန်ပြန်လည်ဖြန့်ဖြူးပေး




The Mirror Daily's photo.
နေပြည်တော် အောက်တိုဘာ ၂

စစ်ကိုင်းဒေသကြီးနှင့် မုံရွာဒေသသို့ ဓာတ်အားပို့လွှတ်သော ၂၃ဝ ကေဗွီ ဘဲလင်း(ကျောက်ဆည်)-အုန်းတော (စစ်ကိုင်း)နှစ်ထပ်မဟာ ဓာတ်အားလိုင်း ဖြတ်သန်းရာ တံတားဦးမြို့နယ် ကပယ်ရွာအနီးရှိ တာဝါတိုင်အမှတ် (၁ဝ၄၊ ၁ဝ၅၊ ၁ဝ၆၊ ၁ဝ၇၊ ၁ဝ၈)တစ်ဆက်တည်း ငါးတိုင်သည် စက်တင်ဘာ ၁၇ ရက် ည ၈ နာရီ ခန့်က လေပြင်းတိုက်ခတ်၍ ပြိုလဲပြီး ဓာတ်အားပြတ်တောက်ခဲ့သည်။

အဆိုပါ ၂၃ဝ ကေဗွီဓာတ်အားလိုင်း များ ပြိုလဲချိန်မှစ၍ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဓာတ်အားစနစ် ဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးသက်ပိုင်မျိုး ဦးဆောင်၍ ဝန်ထမ်းအင်အား ၁၈ဝ ခန့်ဖြင့် ပြိုလဲသွား သော ဓာတ်အားလိုင်းတာဝါတိုင်များ ပြန်လည်တည်ဆောက်ခြင်း၊ တပ်ဆင် ခြင်း၊ ဓာတ်အားလိုင်းကြိုးဆွဲသား ခြင်းများကို စဉ်ဆက်မပြတ်(နေ့/ည) အဆိုင်းများခွဲဝေ၍ တာဝန်ယူ တည်ဆောက်ရာ ယနေ့ညနေ ၄ နာရီ ၂၅ မိနစ်တွင် လုပ်ငန်းများအားလုံး ပြီးစီးခဲ့သည်။

ယခုအခါ ၂၃ဝ ကေဗွီ ဘဲလင်း (ကျောက်ဆည်)-အုန်းတော(စစ်ကိုင်း)နှစ်ထပ်မဟာဓာတ်အားလိုင်းကို နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ် ဆက်၍ ယနေ့ညနေ ၄ နာရီ ၄၇ မိနစ်မှစ၍ စစ်ကိုင်းဒေသနှင့် မုံရွာ ဒေသများသို့ လျှပ်စစ်ဓာတ်အား များ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment