Friday, October 30, 2015

ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် အမေရိကန်အသင်းအား သမ္မတ အိုဘားမား ဂုဏ်ပြု




The Mirror Daily's photo.


ဝါရှင်တန် အောက်တိုဘာ ၂၉

၂ဝ၁၅ ခုနှစ် ဖီဖာ၏ ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အောင်ပွဲရ အမေရိကန် အမျိုးသမီးဘောလုံးအသင်းကို အိမ်ဖြူတော်၌ အောက်တိုဘာ ၂၇ ရက်တွင် သမ္မတ အိုဘားမားက ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အမေရိကန်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် အစွမ်းကုန်ကြိုးပမ်းခဲ့ခြင်းကြောင့် ချန်ပီယံဆုကို ထိုက်တန်စွာ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၁၆ နှစ်ကြာမျှ စိတ်နှလုံးကြေကွဲမှုများ ခံစားရပြီးနောက် ၎င်းတို့က ချန်ပီယံဆုဖလားကို ကနေဒါနိုင်ငံမှ အမေရိကသို့ သယ်ယူပျံသန်းလာခဲ့ကြောင်း သမ္မတ အိုဘားမားက ပြောကြားသည်။

အထူးချုပ်လုပ်ထားသည့် နံပါတ် ၄၄ ဂဏန်း ရိုက်နှိပ်ထားသော အားကစားဝတ်စုံ တစ်စုံကို အမေရိကန်အမျိုးသမီးဘောလုံးအသင်း၏ နည်းပြခေါင်းဆောင် ဂျေးလ်အီးလစ်က သမ္မတ အိုဘားမားအား ပေးအပ်ခဲ့သည်။ သမ္မတ အိုဘားမားသည် ၄၄ ဦးမြောက် သမ္မတဖြစ်သည်။

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့တွင် ယခုနှစ်ဇူလိုင် ၅ ရက်က ကျင်းပသော ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌ အမေရိကန်က ဂျပန်ကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲခြင်းဖြစ်သည်။ အမေရိကန်အမျိုးသမီးဘောလုံးအသင်းသည် ၁၆ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။ ဆင်ဟွာ။

No comments:

Post a Comment