Friday, October 30, 2015

တရုတ်နိုင်ငံတွင် ကလေးတစ်ယောက်သာမွေးဖွားရမည့်မူဝါဒ ဖျက်သိမ်းလိုက်ပြီ



The Mirror Daily's photo.


ပေကျင်း အောက်တိုဘာ ၂၉

တရုတ်နိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ချမှတ်ထားသည့် ဇနီး မောင်နှံစုံတွဲတစ်တွဲလျှင် ကလေးတစ်ယောက်သာ မွေးဖွားရမည့်မူဝါဒကို ယခုအချိန်တွင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်း ဌာနက ရေးသားဖော်ပြထားသည်။

ဇနီးမောင်နှံစုံတွဲများကို ယခင်ကကဲ့သို့ ကလေးတစ်ဦးတည်းသာမွေးရန် တားမြစ်ထားခြင်းမပြုတော့ဘဲ ကလေးနှစ်ယောက်မွေးဖွားနိုင်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက တရုတ်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကားပြီး ဖော်ပြထားသည်။

အဆိုပါမူဝါဒချမှတ်ထားခဲ့ခြင်း၏အကျိုးဆက်မှာ နိုင်ငံအတွင်း သက်ကြီး ရွယ်အိုဦးရေများပြားလာသော်လည်း ကလေးမွေးဖွားမှုနှုန်း သန်း ၄ဝဝ ခန့်ကို တားမြစ်ခဲ့ကြောင်းသိရသည်။ ကလေးတစ်ယောက်မူဝါဒကို ဖောက်ဖျက်သော ဇနီးမောင်နှံတို့အား ဒဏ်ကြေးငွေပေးဆောင်ခြင်း၊ အလုပ်ထုတ်ပယ်ခြင်းတို့မှစပြီး အတင်းအဓမ္မ သန္ဓေသားဖျက်ချခြင်းထိ အမျိုးမျိုးသော အပြစ်ဒဏ်များပေးခဲ့ကြောင်း သိရသည်။

လူဦးရေစစ်တမ်းကောက်ယူသူများနှင့် လူမှုဗေဒပညာရှင်များက အလုပ်သမားလုပ်အား ကျဆင်းလာခြင်းနှင့် လူမှုစရိတ်များမြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာသည်ကို ထောက်ပြကြသည့်အတွက် အချို့သောစီရင်စုများတွင် ယင်းမူဝါဒကို ဖြေလျှော့ပေးခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီက ၂ဝ၁၃ ခုနှစ် ကစပြီး အမျိုးသားစည်းမျဉ်းများကို တရားဝင်ဖြေလျှော့ပေးခဲ့ရာ ဇနီးမောင်နှံ စုံတွဲတစ်တွဲတွင် တစ်ဦးက တစ်ဦးတည်းသောသား သို့မဟုတ် သမီးဖြစ်နေပါက ကလေးနှစ်ဦးထိ မွေးဖွားခွင့်ပြုထားကြောင်း သိရသည်။ ရိုက်တာ။

No comments:

Post a Comment